Ep 17

1K 122 2
                                    

Unicode

ခွန်းပြောလိုက်တဲ့ စကားတွေဟာ အမိန့်ရင်ထဲ
အမြစ်တွယ်နေခဲ့သည်။ဒီရက်အတွင်း
အရင်လိုမဟုတ်ပဲ အခန်းတိုင်းကို လိုက်စစ်
ကြည့်သည်။

မင်းမာန်ခစားကိုလည်း အရိပ်သဖွယ်
ကပ်နေကာ စောင့်ကြည့်နေပေမဲ့ မသိလေသူ
ကတော့ သူ့အနားကပ်နေလို့ ပျော်ရွင်နေသည်။

အခုလည်း မနက်စာစားနေရင်းမှ

"ဒီနေ့အမိန့်ကုမ္ပဏီကိုလိုက်မှာနော်"

"ဟိုတယ်ကိုမသွားဘူးလားbaby"

"ခွင့်ယူလိုက်မယ်"

"ဒါပေမဲ့ အမှတ်တွေနဲ့ စာတမ်းအတွက်.."

"အဲ့တာကိုယ့်ဘာသာလုပ်မယ်၊အခု
အမိန့်လိုက်မယ်ဆိုလိုက်မယ်ပဲ"

"အိုကေပါဗျာ..babyလိုက်မယ်ဆိုတော့.."

နောက်ဆုံး အမိန့်ကကုမ္ပဏီကို လိုက်ရန်
အဆင်ပြေခဲ့သည်။ခွန်းကတော့ အမိန့်ကို
ကြည့်ကာ မျက်ခုံးလှုပ်နေမိသည်။

ဘာတွေမွှေအုန်းမှာလည်းမသိ...

အမိန့် သတင်းကြားရသလောက် ဒီရက်ထဲ
ကိုကိုကြီးက စားသောက်ဆိုင်တစ်ဆိုင်မှာ
တစ်ယောက်ယောက်နှင့် လျိူ့ဝှက်တွေ့
ဆုံနေသည်တဲ့။

အရင်က အမိန့်ဆိုဂရုမစိုက်ပေမဲ့ ကိုကိုကြီးကို
မချစ်ဘူးဆိုပေမဲ့ သဘောတော့ကျပါသည်။
အရာရာမှာ အမိန့်ကိုအလိုလိုက်အကြိုက်
ဆောင်ကာ ဂရုစိုက်သည်၊ပြီးတော့ ကိုကိုကြီးလို
ပြည့်စုံနေတဲ့သတို့သားလောင်းကို သူများနောက် အပါခံရန်စိတ်ကူး အမိန့်ရာမှာမရှိ။

အဲ့စားသောက်ဆိုင်ကတစ်ယောက်
အမိန့်နဲ့ မတွေ့မိစေနဲ့...

အမိန့်ရဲ့ သတိပေးစကားက ထိရောက်သည်ထင် တစ်ဖက်အလုပ်ခုံမှာ
ထိုင်ကာ ကွန်ပြူ တာနှိပ်နေတဲ့ တစ်ယောက်မှာ
အလိုလိုနေရင်း ကျောချမ်းနေသည်။

အမိန့်ရဲ့ နတ်ဆိုးလိုအပြုံးကို တွေ့လိုက်တဲ့
ခွန်းမှာလည်း ကြိုတင်နိမိတ်ရလို့ နေသည်။

"အစ်ကိုကြီး..ကျွန်တော်ရောဒီနေ့လိုက်လို့
ရမလား?"

"..ဒီနေ့ကျမှ.."

ငါ့သတို့သားလောင်းကAlphaတဲ့     ငါ့သတို့သားလောင်းကAlphaတဲ့Where stories live. Discover now