မိန်းမသားတွေမို့ ...
@@@@@@@@
" ကိုပြည့် .. အိမ်အထိ လိုက်ပို့ပေးလို့ ကျေးဇူးပဲနော်။ ဒါနဲ့ ယွန်းတို့အိမ်က ဟိုဘက်လမ်းမှာလေ "
" ဟုတ်လား .. ကျွန်တော် ယွန်း အိမ်ကို မရောက်ဖူးသေးဘူး။ သူ့မိသားစုနဲ့တော့ မိတ်ဆက်ပြီးပြီ "
" ဒါဆိုလဲ အိမ်သွားလည်ပါလား .. နီးနီးလေးပဲဟာ .. ဒီကနေ သွားရင် လမ်းဆုံတစ်ခုတွေ့မယ်။ ညာဘက်ကို ချိုးပြီး ပထမဆုံး တွေ့တဲ့ လမ်းကြားထဲ ဝင်လိုက်။ အဲ့ဒီမှာ အဝါရောင် နှစ်ထပ်တိုက်လေး တွေ့လိမ့်မယ်။ အဲ့ဒါ ယွန်းတို့ အိမ်ပဲ "
" အတော်ပဲ ရောက်တုန်း ဝင်လိုက်ဦးမယ်။ ကဲ မြတ်နိုး .. သွားပြီနော် .. "
" ဟုတ် .. ကျေးဇူးနော် "
ကောင်းစံနဲ့ မြတ်နိုး ကျွန်တော့်ဆိုင်ကို အလည်လာရင်း အပြန်မှာ ကားပျက်သွားလေသည်။ ကောင်းစံက မြတ်နိုးကို အိမ်ပြန်ပို့ပေးဖို့ ကျွန်တော့်ကို အကူညီတောင်းတာနဲ့ ကျွန်တော် လိုက်ပို့ပေးခြင်းဖြစ်သည်။ မြတ်နိုးက ယွန်းတို့နဲ့ တစ်ရပ်ကွက်ထဲ နေတာမို့ ယွန်းအိမ်ကို လမ်းညွှန်ပေးလိုက်သည်။ ကျွန်တော် ယွန်း အံ့သြသွားအောင် ဖုန်းကြိုမဆက်တော့ပဲ အလည်သွားလိုက်သည်။
မြတ်နိုး ညွှန်တဲ့အတိုင်း မောင်းလာရင်း အဝါရောင် နှစ်ထပ်တိုက်လေး တွေ့လိုက်သည်။ အိမ်လေးက နေချင်စရာလေးဖြစ်သည်။ အိမ်ရှေ့မှာ အတန်ငယ် ကျယ်ဝန်းသော ခြံဝင်းလေးရှိသည်။ ခြံထဲမှာ ပန်းပင် မျိုးစုံ စိုက်ပျိုးထားလေသည်။
ကျွန်တော် အိမ်ရှေ့ကိုရောက်တော့ ကားရပ်လိုက်ပြီး ခြံတံခါး၀ နားသွားပြီး အထဲကို ကြည့်လိုက်တော့
မမဖြူက ပန်းပင်တစ်ချို့ကို ပေါင်းသင်နေတာ တွေ့လိုက်ရသည်။ ကျွန်တော် မမဖြူ ကို လှမ်းခေါ်လိုက်သည်။" မမဖြူ .. မမဖြူ "
" ဟယ် ကိုပြည့် .. အိမ်လာလည်တာလား .. "
" ဟုတ် .. ဒီနားကို ကိစ္စတစ်ခုနဲ့ ရောက်လာလို့ လမ်းကြုံတာနဲ့ ဝင်ခဲ့တာ။
အိမ်ကိုလဲ မရောက်ဖူးသေးလို့လေ။ ယွန်းရော ရှိလား မမဖြူ "

ВЫ ЧИТАЕТЕ
ရင်ဝှက်ကဗျာ ( Yin Wat Kabyar )
Любовные романыရင်ဝှက်ကဗျာ က 18+ Erotic Romance Novel ဖြစ်ပါတယ်။ ရသစုံ ခံစားရမယ့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ Erotic Novel ဖြစ်တာမို့ sexual pleasure တွေ ပါပြီး အသက်(၁၈)နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် တောင်းဆိုပါတယ်။ ချစ်တတ်တဲ့သူနဲ့ အချစ်ခံရတဲ့သူတွေ အကြောင်းကို လှပ...