Unicode Version
FIRST LOVE (crush)
မိုးတွင်း မရောက်သေးသော်လည်း ခပ်စွေစွေရွာနေသောမိုးကြောင့်လူလည်း ဘာမှမလုပ်ချင်တော့၊အိပ်ရာထဲမှာသာစာဖတ်ရင်းနှပ်နေချင် တော့သည်။ ထို့ကြောင့် နှင်းပန်းတစ်ယောက်ထီးလေးဆောင်းရင်း စာအုပ်ဆိုင်သို့ ထွက်ခဲ့သည်။ ''လေးလေးစာအုပ်သစ်တွေရောက်တယ်ဆို----။'
''အေး--ဟိုခြင်းထဲကစာအုပ်တွေပဲ---။"
နှင်းပန်း စာအုပ်ဆိုင်ကထွက်လာတော့ မိုးတိတ်သွားပြီဖြစ်သည်။ထီးလေး လက်ချိတ်ကာစာအုပ်လေးပိုက်ရင်လမ်းလျှောက်လာသည်။
''ဒီမှာခင်ဗျာ့---။"
နှင်းပန်းလှည့်ကြည့်လိုက်တော့ သူနှင့်အသက်မတိမ်းမယိမ်းလောက် ရှိမည့် ကောင်လေးတစ်ယောက်။ ထိုကောင်လေးက စက်ဘီးပေါ်မှဆင်းရင်း
''ဟို--ဒေါ်လှမြင့်တို့အိမ်ဘယ်လိုသွားရမလဲဟင်---"
''အယ်----ဘယ်လမ်းကဒေါ်လှမြင့်လဲဟင်----။"
''ကျတော်လည်းမသိဘူးခင်ဗျ---ခုမှရောက်ဖူးတာဆိုတော့လမ်း တွေသိပ်မသိဘူး-အိမ်ကထွက်လာပြီး မျက်စိလည်သွားပြီ လမ်းနာမည်လည်း သေချာ မမှတ်လိုက်ရဘူး----။"
တကယ်တော့ နှင်းပန်းတို့ဇာတိမြို့လေးက ကျဉ်းကျဉ်းလေးပါ။တစ်ယောက်နဲ့ တစ်ယောက်လည်း မိတ်ဆွေတွေမဟုတ်ရင်တောင်မှ မျက်မှန်းတော့ တန်းမိကြတယ်။ဒါပေမဲ့ အိမ်တွင်းပုန်း မေနှင်းပန်းက တော့ဘယ်သူ့ကိုမှမသိ။ သာရေး၊နာရေး၊ပွဲတော်စသည့်လူရှုပ်ရှုပ်ပွဲတွေ ကိုနှင်းပန်းမကြိုက်၊သွားလည်းမသွား။
''အာ့ဆိုကျတော်သွားလိုက်ဦးမယ်---။"
''လမ်းမသိဘူးဆို--။"
သူကနှုတ်ခမ်းလေးကွေးရုံပြုံးရင်း၊
''ကျတော်ဦးနှောက်ကိုအလုပ်ပေးရမှာပေါ့ဗျာ---။"
သူထွက်သွားပြီးတော့ နှင်းပန်းလည်း ဆက်လျှောက်လာခဲ့သည်။သူနာမည်ကို နှင်းပန်းမသိလိုက်ရ၊ နှင်းပန်းသိလိုက်ရတာကတော့ သူ့အပြုံးလေးက နွေးထွေးတယ်ဆိုတာပါပဲ။
YOU ARE READING
FIRST LOVE (crush)
RomanceUnicode Version ကျမတို့ ငယ်ဘဝ၊ အခြေခံကျောင်း တက်စဉ်မှာ လူတိုင်း ပြောမပြပေမဲ့ သတိတရ ရှိမိကြတဲ့ ဇာတ်လမ်းလေးတပုဒ်စီတော့ ရှိကြပါတယ်။ကျမ လည်း အတူတူပါပဲ။ ငယ်ဘဝ အမှတ်တရ မို့ တန်ဖိုးတော့ထားပေမဲ့ ကြောင်တောင်တောင် နိုင်တာတော့ အမှန်ပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ် အမ...