ခင်ဗျားတို့အတွက်တော့သူငယ်ချင်းဆိုတာအကောင်းဆုံးFriendshipလားမသိပေမယ့်ကျွန်တော့အတွက်တော့မဟုတ်ဘူးဗျ
'ဂျောင်းဝူရာမင်းသူငယ်ချင်းတော့ရုံးခန်းရောက်ပြန်ပြီတဲ့'
အဲ့တာပါပဲ ငယ်သူငယ်ချင်းလေးတစ်ယောက်ရှိပါတယ် အမြဲပြဿနာပဲရှာတတ်လို့ လိုက်ရှင်းပေးရတာအကြိမ်ကြိမ်၊အလယ်တန်းကနေအခုတက္ကသိုလ်တက်တဲ့အထိ ဒုက္ခပေးနေတုန်းပဲ။
နေ့လည်အတန်းမစခင် ကန်တင်းထိုင်နေတုန်းမေဂျာတူသူငယ်ချင်းယွန်းဝူကလာပြောတော့ပြေးရပါဦးမယ်ရုံးခန်းကို။'အရင်တစ်ခါလဲမင်းတို့နှစ်ယောက်ပဲ တက္ကသိုလ်ကျောင်းသားဖြစ်နေပြီ နောက်တစ်ခါရန်ဖြစ်ရင်မိဘခေါ်ရလိမ့်မယ် ဒီတစ်ခါတော့ဂျောင်းဝူကအာမခံပေးလို့ ခွင့်လွှတ်လိုက်မယ်'
'ဟုတ်ကဲ့ဆရာ နောက်တစ်ခါမဖြစ်စေရပါဘူး ကျွန်တော်သေချာထိန်းပါ့မယ်'
ဘေးကနေမထုံထက်တေးလုပ်နေတဲ့ချစ်သူငယ်ချင်းလေးကိုလက်တို့လိုက်မှ ပြောလာတယ်
'ဟုတ် ဆရာ'
'ဟုတ်ပြီ ဒါဆို မင်းတို့သွားလို့ရပြီ'
'ဟုတ် ကျေးဇူးတင်ပါတယ်ဆရာ'
ဆရာကို 90°Bow လုပ်ရင်း ရုံးခန်းထဲကနေထွက်သွားတဲ့ ဂျောင်းဝူနောက်ကနေလိုက်လာရင်း
'ဆရာကခံဝန်ဂတိလက်မှတ်ထိုးခိုင်းရင်း ကျေအေးလိုက်လို့တော်သေးတယ်၊မိဘခေါ်ရမယ်ဆိုရင်အာရုံတွေနောက်ဦးမှာ၊ ပြီးတော့ ဂျောင်းဝူစိတ်ဆိုးနေလောက်ပြီမို့ ချော့ရဦးမယ်'လို့ ရူတိုကတွေးရင်းတိတ်တိတ်လေးပဲ နောက်ကလိုက်လာတယ်။
'လန့်လိုက်တာ ဂျောင်းဝူရ !'
သွားနေရင်းရုတ်တရက် ရူတို့ဘက်ကိုလှည့်လာတာမို့
'မင်းကိုတော့ငါဘာမှမပြောချင်တော့ဘူး နောက်ကလိုက်ခဲ့'
'လိုက်နေတာပဲကို' တိုးတိုးလေးပြောလိုက်ပေမယ့် နားပါးတဲ့ဂျောင်းဝူကကြားဖြစ်အောင်ကြားလိုက်သေးတယ်။
မျက်စောင်းပါအဆစ်ရလိုက်တာမို့ တိတ်တိတ်လေးသာ လိုက်လာလိုက်တော့တယ်။
YOU ARE READING
HaJeongwoo
FanfictionHaJeongwoo One Shotလေးတစ်ပုဒ်ရေးထားပါတယ် ♡ နောက်ထပ်HaJeongwoo one shotတွေလဲဒီမှာပဲရေးသွားချင်လို့ပါ 'ကျေးဇူးတင်ပါတယ်'