Ova

268 39 0
                                    

တောအုပ်အနီးနားက တောင်ကုန်းကလေးပါ်က အိမ်ကလေး။ တိတ်ဆိတ်ပြီး လှပခဲ့သော အိမ်ကလေး ဖြစ်ခဲ့သည်။

အခုတော့....

" မိုးဖြူ.... နှင်းဖြူ... မဆော့နဲ့.... ပြုတ်ကျမယ်.... "

ဒီအမွှာနှစ်ကောင်က မျောက်ရှုံးအောင် ဆော့ကြသည်။ နေ့စဉ်နဲ့အမျှ သူတို့ကို စိတ်ပူကာ အော်ဟစ်နေသော သူတို့မိခင်၏ အသံများ ကလေးတွေရဲ့ အော်ဟစ်ရယ်မောသံများနှင့် ဆူညံ​ေနတော့သည်။

တစ်ချိန်က တိတ်ဆိတ်တည်ငြိမ်နေခဲ့သော အန္ဒြေတစ်ခွဲသားနဲ့လူကြီးက ထိုသားမိသုံးယောက်ကို မရယ်မပြုံးနဲ အေးဆေးစွာ ထိုင်ကြည့်နေတတ်သည်။

" မိုးဖြူအေး.... "

" နှင်းဖြူဖွေး.... "

မိခင်ဖြစ်ဟန်တူသော မိန်းကလေးက မတ်တပ်ဖြောင့်ဖြောင့်မရပ်နိုင်တော့ပဲ ဒူးပေါ်ကို လက်ထောက်ရပ်ကာ အမောဖြေနေသည်။

" အိမ်ခေါင်မိုးပေါ်ကို တက်မဆော့နဲ့လေ... ကျိုးကုန်ရင် ဘယ်လိုလုပ်မလဲ "

သူမ မော့ကြည့်လိုက်တော့ ခေါင်မိုးပေါ်ကနေ ကြောင်ကလေးနှစ်ကောင်က လွှားကနဲ့ ခုန်ဆင်းလာကြသည်။

" မေမေက တအားစိတ်ပူတတ်တာပဲ "

တစ်ကိုယ်လုံးနက်နေပြီး နားရွက်တစ်ဖက်ထဲ အဖြူရောင်ဖြစ်နေသာ ကြောင်ကလေးက ကောင်ကလေးအသွင် ပြောင်းသွားသည်။ အဖြူဆွတ်ဆွတ်ကိုမှ ခြေထောက်ကလေးတစ်ဖက်ပဲ အနက်ရောင်ဖြစ်နေသော ကြောင်ကလေးက ကောင်မလေးအသွင် ပြောင်းသွားပြီး အမေဖြစ်သူရှေ့မှာ ခုံပေါက်ရယ်မောနေကြသည်။

" မင်းရဲ့ကလေးတွေက ကြောင်လေးတွေပါကွာ... အဲ့လောက် စိတ်ပူမနေပါနဲ့... "

" နက်မှောင်... ရှင် ကူပြီး သူတို့ကို ဆူပေးသင့်တယ်နော် "

နက်မှောင်က မိန်းကလေးရဲ့ခေါင်းက ဆံပင်တွေကို ဖွလိုက်သည်။ သူမက မျက်စောင်းကလေး ထိုးလျက် သူမဆံပင်တွေကို ပြန်သပ်ချနေသည်။

ထိုမိန်းကလေးသည် ဒီကလေးလေးနှစ်ယောက်ရဲ့ အမေဖြစ်ပါသည်။ အသက်၂၀ ကျော် မိန်းကလေးငယ်လေးဖြစ်ပါသည်။

To the cat's worldWhere stories live. Discover now