19(U/Z)

379 30 1
                                    

Unicode

"ဗျာ...သတိရလာပြီ ဟုတ်လား..."
". ..."
"အင်း....ကျွန်တော်ချက်ချင်းလာခဲ့မယ်"

မုန့်ယောင် ဖုန်းကိုချလိုက်ပြီး ဝမ်ဥက္ကဌကြီးရှိရာ အခန်းထဲ ဝင်သွားလိုက်သည်။

"ဥက္ကဌကြီး..ကျွန်တော်ဒီနေ့ အိမ်ပြန်လို့
ရမလား..."

အလုပ်ဝင်ချိန်ကစပြီး တစ်ခါမှပျက်ကွက်ခဲ့ဖူးခြင်းမရှိသည့် မုန့်ယောင်ကြောင့်...

"အင်း...ဘာမှလည်း ခိုင်းစရာမရှိဘူးဆိုတော့ ပြန်လေ... "
"ကျေးဇူးပါဥက္ကဌကြီး..."

.................................................................

ရှောင်းကျန့်အတွက် အကျီမှာထားပြီးသားဆိုပေမဲ့ ဆိုင်မှာပဲရှိသေးတာကြောင့် ဝမ်ရိပေါ်လည်း ကုမ္ပဏီကနေ စောစောပြန်လာခဲ့ပြီး
ဝမ်အိမ်တော်မှာ ရှောင်းကျန့်ကိုဝင်ခေါ်ပြီး
အကျီဆိုင်ရှိရာဆီ ယွီပင်းကိုမောင်းခိုင်းလိုက်သည်။

ဝမ်ရိပေါ် သူ့ဘေးမှာထိုင်နေသည့် ရှောင်းကျန့်ကို မသိမသာ ခဏခဏကြည့်နေမိသည်။
အမြဲတမ်း မျက်နှာအမူအရာကိုဖတ်လို့ရအောင်ထိ သိသာနေတတ်သည့်ရှောင်းကျန့်က ဒီနေ့တော့ တည်လွန်းနေသည်။
ပြီးတော့ သူ့ကိုလည်း တစ်ချက်လေးတောင်
မကြည့်ဘူး...။

"ညစာစားပွဲသွားဖို့ အဲ့လောက်တောင်မကြိုက်ဘူးဆိုရင် ငါမင်းကို အိမ်ပြန်ပို့ပေးမယ်..."

ဝမ်ရိပေါ်ဆီက စကားကြောင့် ရှောင်းကျန့်
မျက်မှောင်ကြုံ့ကာ ဝမ်ရိပေါ်ဘက်လှည့်
ကြည့်လိုက်ပြီး....

"ဘာလဲ ငါက အနှောင့်အယှက်ဖြစ်နေလို့လား...လူတွေအများကြီးရှေ့မှာ ငါနဲ့အတူတွဲသွားရမှာကို မင်းမကြိုက်ဘူးမလား...
အထင်လွဲမှာကြောက်နေမှာပေါ့...အဲ့ဒါဆိုလည်း အစကတည်းက ငါ့ကို
ဟန်ဆောင်ပန်ဆောင်ခေါ်မနေဘဲနဲ့ မင်းတစ်ယောက်တည်း ပျော်ပျော်ကြီးသွားပါ့လား.."

ရှောင်းကျန့်စိတ်ဆိုးသည့်ပုံစံကို အခုမှ ပထမဆုံးမြင်ဖူးတာမို့ ဝမ်ရိပေါ် ဘာပြန်ပြောရမှန်းမသိအောင်ကို ရှောင်းကျန့်ကိုကြောင်ကြည့်နေမိသည်။

ယွီပင်းလည်း ကားမောင်းနေရာက နောက်ခန်းက နှစ်ယောက်ကို နောက်ကြည့်မှန်ကနေ လှမ်းကြည့်ရင်း အကျီဆိုင်ပဲဆက်သွားရ
မလိုလို...ဝမ်အိမ်တော်ပဲပြန်လှည့်ရမလိုလို ဖြစ်နေသည်။

 I really need you(Completed)Tahanan ng mga kuwento. Tumuklas ngayon