Ep 18

998 128 3
                                    

Unicode

လူတစ်ယောက်ရဲ့ ကြည့်အကောင်းဆုံး
အချိန်က တစ်ခုခုကိုအာရုံစူးစိုက်နေတဲ့ အချိန်ဖြစ်သည်တဲ့။

အခုလည်းအလုပ်ကို အာရုံစိုက်နေတဲ့ လူကြီးက အမိန့်မျက်လုံးထဲမှာတော့ အချောဆုံး
ဖြစ်လို့နေသည်။

ဆိုဖာပေါ်ထိုင်နေရင်း အလုပ်လုပ်နေသူကို
မနှောင့်ယှက်ချင်တာကြောင့် ငြိမ်နေလိုက်သည်။
အခုထိ အပေါ်ကိုပြန်မလာသေးတဲ့ ခွန်းကြောင့်
ဖုန်းခေါ်လိုက်သည်။

မက်ဆေ့(ခ်ျ)မတွေ့ဘူးလား...

ပြန်ဖြေကြားလာခြင်းမရှိတဲ့ဖုန်းကြောင့်
အမိန့် ထပ်ခေါ်လိုက်ပြန်သည်။အိမ်ကိုများ
ပြန်သွားတာလား။

အခေါက်တိုင်း ပြန်ဖြေလာခြင်း မရှိတာကြောင့်
အမိန့် စိတ်ပူသွားရသည်။

"ဘာဖြစ်လို့လဲbaby"

မင်းမာန် ဖုန်းကိုကြည့်ကာ မျက်နှာပျက်နေတဲ့
babyကိုမေးလိုက်သည်။အတော်ကြာကတည်းက ဖုန်းခေါ်နေပေမဲ့
ဖြေဆိုခြင်းမရှိတဲ့ ဖုန်းကိုခေါ်နေခြင်း ဖြစ်သည်။

"ခွန်းလေ..ဖုန်းခေါ်လို့မရလို့"

သူ့ဖုန်းကို ရန်သူသဖွယ် စိုက်ကြည့်လာတဲ့
ကိုကိုကြီးကြောင့် အမိန့်ပြောပြလိုက်သည်။
ပြောလိုက်လည်း အန္တာရာယ်ရှိတဲ့အရာမှ
မဟုတ်တာ။

"အိမ်ပြန်သွားတာလား"

"မဟုတ်လောက်ပါဘူး..သန့်စင်ခန်းသွားမယ်
ပြောသွားတာ"

"စိတ်ပူစရာမလိုပါဘူး၊ကုမ္ပဏီအတွင်းမှာပဲ
အန္တာရာယ်မရှိပါဘူး၊
တစ်ခုခုဆို စောင့်ကြည့်ခန်းကို ဖုန်းဆက်
်လိုက်မယ်"

"အင်း.."

"စိတ်အေးအေးထားပါ၊ခွန်းလည်းကိစ္စရှင်းတာ
ကြာနေတာနေမှာပါ"

"သူချီးပါတာနာရီဝက်တောင်ဆိုတာ
ဖြစ်နိုင်လား"

"၀မ်းချူ ပ်နေတာဖြစ်မှာပေါ့"

"ကိုကိုကြီး"

အမိန့်ရဲ့ အသံမြင့်ကြောင့် မင်းမာန်မျက်နှာကို
တည်လိုက်သည်။

"ဟုတ်ပါပြီ၊ဟုတ်ပါပြီကိုယ်ကစနေတာ
ကလေးစိတ်ပူနေတာတွေ့လို့"

ငါ့သတို့သားလောင်းကAlphaတဲ့     ငါ့သတို့သားလောင်းကAlphaတဲ့Onde histórias criam vida. Descubra agora