မိုးရွာပြီး မိုးစဲစဲ အချိန် ကောင်းကင်ကြီးကတော့ ညိုမှိုင်းနေတုန်းပေါ့။ကျွန်တော် မိုးရာသီကို သဘောမကျဘူး ဒါပေမယ့် မိုးရွာတာ ရပ်ရပ်ချင်း မိုးသား လေးက မပြီးဆုံးနိုင်သေးဘဲ ဖွဖွလေး ဆက်ကျနေတာလေးကို သဘောကျမိတယ်။
"ဒီမှာ ခင်ဗျား မျက်လုံးမပါဘူးလား"
ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် နည်းနည်းကြောင်သွားပေမယ့်၊ ဘေးဘီကို ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်က မြေပြင်ပေါ်မှာ ကျနေတဲ့ Peachသီးတွေကို အသည်းအသန်လိုက်ကောက်နေတာကို တွေ့လိုက်ရတယ်။
အဲ့ကောင်လေးက မြေပြင်ပေါ်ကျနေတဲ့ Peachသီးတွေကို ကောက်ပြီးတြဲအခါမှတော့ ကောက်ထလိုက်ပြီး ကျွန်တော့်ကို ရန်လာတွေ့သတဲ့။
"ဒီမှာ ခင်ဗျား မျက်လုံးမပါဘူးလား ကျွန်တော့် အသီးတွေက မထိရက်မကိုင်ရက်နူးနူး ညံ့ညံ့လေးတွေဗျ ဒီမှာကြည့် နှစ်လုံးတောင် ထိသွားပြီ"
"ဒီမှာ မက်မွန်သီး မင်းသေချာပြန်စဉ်းစားပါအုန်း မင်းဟာမင်း လောလို့ ငါ့ကို၀င်တိုက်တာလေ ငါ့ဟာငါ ဒီမှာရပ်နေတာ လမ်းလျှောက်ရင်းတိုက်မိတာလဲမဟုတ်ဘူး"
ကျွန်တော်က အဲ့လိုပြောလိုက်တော့ ထိုကောင်လေးကသေချာပြန်စဉ်းစားရင်း.....
"အာ ဟုတ်သား ဆောတီးဗျား ဟီးဟီး ကျွန်တော်လဲ လောသွားလို့ပါ"
"ဒါနဲ့ မင်းကြည့်ရတာ ဒီကို ပထမဆုံးရောက်ဖူးသလိုဘဲ"
"ဟုတ်တယ် ကျွန်တော့အဖေလွှတ်လိုက်တာ ဒါနဲ့ ဒီက လူကြီးက ဒီမှာနေတာလား"
"ဘာ.! လူကြီး? ဟျောင့် ငါ့မှာ နာမည်ရှိတယ် ဟ။
ပတ်ဆောင်းဟွန်း တဲ့ ပတ်ဆောင်းဟွန်း""အဲ့တာဆို ကျွန်တော့ကို လဲ မက်မွန်သီးလို့မခေါ်နဲ့လေဗျာ ကျွန်တော့်မှာလဲ နာမည်ရှိတယ်။ ရှင်မ်းဂျယ်ယွန်း တဲ့ ရှင်မ်းဂျယ်ယွန်း"
"ခုနက မေးခွန်းကိုေဖြမလို့..ဟုတ်တယ် ငါဒီမှာနေတာ အခု မင်းရပ်နေတာ ငါ့အိမ်ဘဲ"
"အိုးး ဒါဆို ကျွန်တော့် အဖေလွှတ်လိုက်တာ ပတ်ဆောင်းဟွန်း ရှီးရဲ့ အိမ်ကိုပေါ့"