- CHERRY - //Pjm//

699 50 10
                                    

မြို့ပြရဲ့ မီးရောင်စုံတွေကြား  ရုန်းကန်လှုပ်ရှားနေကြတဲ့ လူတန်းစားပေါင်းစုံကိုတွေ့မြင်နေရသည်

ပြုံးပြုံး ပြုံးပြုံး
စကားတပြောပြောနှင့် သွားနေသောလူများကြား လက်ကမ်းစာစောင်အထပ်လိုက်ကိုကိုင်ကာ ဟိုပြေးလိုက် ဒီပြေးလိုက် အလုပ်ရှုပ်နေသော မိန်းမငယ်တစ်ဦး

ပျော်ရွှင်မှု့ဆိုတာမရှိတဲ့မိသားစုဆီမှ
ရုန်းထွက်ကာ တစ်ဦးတစ်ယောက်တည်းရှင်သန်ချင်သော သူမအဖို့ ဒီလောက်ကတော့လုပ်မှရမယ်မှန်း သူမသိပါ၏

အဖေဖြစ်သူဆီမှရလာတဲ့ပိုက်ဆံများအား မသုံးချင်
Bankထဲသာစုပြုံထည့်ထားရင်း အချိန်ပိုင်းအလုပ်ပေါင်းစုံသာလိုက်လုပ်မိသည်

"ကျွန်မတို့ ကြက်ကြော်ဆိုင်ပါ တစ်ခါလောက်လာခဲ့ပါဦးနော် ဒီစာရွက်လေးနဲ့လာမယ်ဆို Discountပါပေးမှာပါ"

မသိချင်ယောင်ဆောင်သွားသည့်လူများက 100မှာ 96ယောက်လောက်

ဟူးးးးးးးး~~

ခေါင်းငိုက်စိုက်ချရင်း
သက်ပြင်းအရှည်ကြီးအားဖန်တီးလိုက်သည်

"ဟိတ် ကောင်မလေး
တစ်ယောက်ထဲလား"

"ရှင် ဟုတ်"

"မင်းကြည့်ရတာမောနေပုံဘဲ ရော့ ရေသောက်လိုက်"

"ဟုတ် ကျေးဇူးပါ~~"

ရေအေးအေးတို့ကလည်ချောင်းတစ်လျှာက်စီးဆင်းသွားသည်နှင့်အမျှ သူမ အင်အားတို့ဆုတ်ယုတ်လာသည်

မှေးစင်းလာသည့်မျက်လုံးများနှင့်အတူ နောက်ဆုံးမြင်တွေ့ရသည်က
မီးရောင်စုံလင်းနေတဲ့ ခရစ်စမတ်သစ်ပင်





~~~




"ဘာ! ကောင်မလေးတစ်ယောက်ကိုလာရောင်းတယ် ဟုတ်လား"

"ဟုတ် - ဟုတ်ပါတယ် Boss"

"မိန်းမငယ် တစ်ယောက်ကိုပိုက်ဆံတစ်အုပ်အတွက်နဲ့ လာရောင်းစားတာကို မင်းကဝယ်လိုက်ရလားကွ နှမချင်းမစာမနာ"

"တောင်းပန်ပါတယ် Boss"

အသိစိတ်တို့ အနည်းငယ်ပြန်ဝင်ချိန်တွင်ကြားနေရသည့် အသံတစ်ချို့

7 HEAVENSWhere stories live. Discover now