Chapter (26) ဒုတိယမြောက် ...

4.1K 17 0
                                    


ဒုတိယမြောက် ...


@@@@@@@@

အခန်းထဲ ဝင်လာသော လွန်းကို မြင်တော့ ကျွန်တော့်မှာ ကိုယ်တုံးလုံးဆိုတာတောင် မေ့သွားပြီး ကုတင်ပေါ်ကနေ ဖတ်ကနဲ ဆင်းလိုက်မိသည်။ နောက်မှ ငါ တုံးလုံးကြီးဟ ဆိုပြီး သိလိုက်ကာ စောင်တစ်ထည် အမြန်ပတ်လိုက်ရတော့သည်။ ယွန်း က ကျွန်တော့်ကို ကြည့်ပြီး ခိုးရယ်လိုက်သည်။ လွန်းကတော့ အခန်းထဲ ရောက်တာနဲ့ ကျွန်တော့်ဘက်ကို မကြည့်ပဲ အကြည့်လွှဲထားသည်။

" ယွန်း .. မင်းတို့ ဒါ ဘာလုပ်တာလဲ .. ဘယ်လိုဖြစ် ... "

" ကို .. နောက်မှပဲ အံ့သြတော့။ အခုတော့ ဒါလေးကို မျက်လုံးမှာ ခဏစည်းထားပေး "

ယွန်းက ပုဝါတစ်ထည်ကိုင်ပြီး ကျွန်တော့်နားကို ရောက်လာသည်။ ပုဝါဖြင့် ကျွန်တော့်မျက်လုံးများကို စည်းလိုက်သည်။ မြင်ကွင်းက အားလုံး မှောင်မိုက်သွားပြီး အသံပဲ ကြားရတော့သည်။ ကျွန်တော့်မှာ ရင်တွေ တုန်နေရပြီး တစ်ကိုယ်လုံး ရွစိခတ်နေအောင် နေရခက်နေသည်။

" ဘာ .. ဘာလုပ်ကြတာလဲ .. "

" စကားမပြောနဲ့ .. ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေ။ ခဏနေရင် ပုဝါ ပြန်ချွတ်ပေးမယ်။
ယွန်း မချွတ်ပေးခင်အထိ လုံး၀ ကိုယ့်ဘာသာ မချွတ်နဲ့နော်။ လုံး၀ မကြည့်ရဘူး "

ကျွန်တော့်မှာ ယွန်းပြောသလို နေရုံကလွဲပြီး ဘာပြန်ပြောရမှန်း မသိတော့ဘူး။ ကုတင်ပေါ်မှာ ငုတ်တုပ်ကြီးထိုင်နေရပြီး ဘာတွေဖြစ်နေလဲဆိုတာ စိတ်ထဲကနေ အရမ်းသိချင်နေသည်။ သူတို့ ဘာလုပ်နေကြတာလဲ .. အသံတွေကို အတတ်နိုင်ဆုံး နားစွင့်ရင်း ဘာလုပ်နေလဲ စဉ်းစားမရဖြစ်နေသည်။ ဖြတ်သန်းခဲ့ရတဲ့ ညပေါင်းများစွာထဲမှာ ဒီညက ကျွန်တော့်အတွက် အထူးခြားဆုံးနဲ့ ရင်အခုန်ရဆုံး ညတစ်ည ဖြစ်နေတော့သည်။

ကျွန်တော် ဘာမှမမြင်ရတာ မိနစ် (၂၀)လောက် ရှိတော့မယ်။ ခုချိန်ထိ သူတို့နှစ်ယောက်ဆီကနေ စကားသံတွေ မကြားရပဲ တစ်ခုခု လုပ်နေတဲ့ အသံမျိုးပဲ ကြားရသည်။ နှစ်ယောက်စလုံး ဘာစကားမှ မပြောကြ။ တစ်ခါတစ်ခါ တိုးတိုးလေး ပြောသံတော့ ကြားသည်။ ဒါပေမယ့် သေချာ မသဲကွဲဘူး။ ဒီတော့ ကျွန်တော်လဲ ဘာဖြစ်နေမှန်း မသိတော့ဘူး။ သက်ပြင်း အကြိမ်ကြိမ်ချရင်း ယွန်း ပုဝါ လာချွတ်မယ့်အချိန်ကိုသာ စောင့်နေလိုက်တော့သည်။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Donde viven las historias. Descúbrelo ahora