Chapter (28) အာသာပြေ အနမ်း ...

5.7K 15 0
                                    


အာသာပြေ အနမ်း ...


@@@@@@@@@@

(၂)နှစ်ခန့် ကြာသော် ...

" ယွန်းရေ .. ကို ပြန်ရောက်ပြီဟေ့ .. ဟူး မောတာကွာ .. "

" ကိုရေ .. ရေချိုးခန်း ဝင်နေလို့ .. ခဏနော် "

" အေး .. "

ကျွန်တော် အိမ်ပြန်ရောက်ရောက်ချင်း ဆိုဖာပေါ် ဘုန်းကနဲ ကျောမှီလိုက်ကာ အမောဖြေလိုက်သည်။ ဒီနေ့ နေ အရမ်းပူသည်။ ဖောက်သည်ဆိုင်တွေကို ပစ္စည်းဖိုး အကြွေးတွေ လိုက်ကောက်ရင်း အတော် ပင်ပန်းသွားသည်။ အိမ်ထဲကို ဝေ့ကြည့်လိုက်တော့ ဘယ်သူကိုမှ မတွေ့ရပေ။ အိမ်သားတွေ အားလုံး အပေါ်ထပ်မှာထင်တယ်။ ဟူး .. တော်သေးတယ် ငွေရှာရခက်နေချိန် အကြွေးလေးတွေ နည်းနည်းပြရလိုက်လို့ အဆင်ပြေသွားတယ်။ ယွန်းက တစ်ပတ်ကို (၄) ရက် ဆိုင်(၁) မှာ ကျွန်တော့်ကိုယ်စား အလုပ် လုပ်ပေးနေသည်။
ကျွန်တော်လဲ ယွန်းကို ဆိုင်(၁) လွှဲပေးထားပြီး ဆိုင်(၂)ကို သေချာကြည့်ပေးသည်။ ဝင်းအောင်ကတော့ ဆိုင်(၃)မှာ အနေများသွားသည်။ ဒီနေ့တော့ ယွန်း အလုပ်နားရက်မို့ အိမ်မှာ ရှိနေသည်။

" ကို .. ပြန်လာပြီလား။ မောနေတယ်ထင်တယ် "

" အင်း .. လွန်း .. ဘယ်သူမှမတွေ့ပါလား။ အပေါ်ထပ်မှာလား .. "

" အင်း မဇင် နဲ့ မမဖြူက သူတို့အခန်းထဲမှာ ကိုရီးယားကားကြည့်နေတယ်။
လွန်းက အခုမှ အောက်ဆင်းလာတာ။ မေမေက ထုံးစံအတိုင်း ဒီချိန်ဆို တစ်ရေး အိပ်နေလောက်ပြီ "

ကျွန်တော် ယွန်း နဲ့ လွန်းကို လူမမှားတော့ပါ။ အတူတူနေလာတာ ကြာပြီမို့ သူတို့ကို စိတ်ထဲကနေ အလိုလိုနေရင်း ခွဲခြားတတ်နေပါပြီ။ လွန်းက အနားမှာ ယွန်းကလွဲပြီး ဘယ်သူမှ မရှိတဲ့အချိန်ဆို ကျွန်တော့်ကို ချစ်သူတစ်ယောက်လို ပြောဆို ဆက်ဆံသည်။ တစ်ခြားသူတွေရှိရင်တော့ ကိုပြည့် ဘာညာပေါ့။ တစ်ခါတစ်လေ ယောင်ပြီး ကို လို့ ထွက်သွားတတ်သေးသည်။ ခုချိန်ထိတော့ ဘယ်သူမှ သတိမထားမိလို့ တော်သေးသည်။

" ကို အအေး သောက်မလား .. "

" အင်း Shark တစ်ဗူးလောက် .. သြော် ဒါနဲ့ မနက်ဖြန် ယွန်းကို Ultrasound သွားရိုက်မှာ။
လွန်းလဲ လိုက်ခဲ့နော်။ ယွန်းက လွန်းကို လိုက်စေချင်နေတာ။ အတူတူ သွားရအောင် "

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )حيث تعيش القصص. اكتشف الآن