Extra - 1

3.7K 277 33
                                    

[Unicode]

"တီတီ~...တီတီ~...တီတီ~..."

သံရှည်စွဲကာ မြည်သံပေးလျက် နားတွင်းသို့ ဝင်ရောက်လာသော နှိုးစက်သံကြောင့် ထယ်ယောင်းတစ်ယောက် မျက်မှောင်ကုတ်မိပါသည်။

ညကလည်း ၃ ချက်ကျော်မှ အိပ်ရသဖြင့် လူမှာ ကောင်းကောင်းအိပ်ရေးမဝသေးပေ။ ဤသည်ကိုမှ နားတွင်းသို့ ကန်လန့်တိုးကာ ဝင်ရောက်လာသော နှိုးစက်သံကြီးကြောင့် အိပ်နေရင်းမှပင် ထောင်းခနဲ ဒေါသထွက်မိပါ၏။ ဘယ်သူကများ မနက်စောစောစီးစီးတွင် အလိုကမ်းဆိုးမသိပဲ alarm လာပေးထားပါသနည်း။ ပေးချင်လျှင်လည်း တစ်ကိုယ်စာကြားနိုင်ယုံလောက် ပေးလို့ရသည်ကို မပေးပဲ လော်စပီကာကိုမှ bluetooth နှင့် ထပ် join ထားသလို အသံအကျယ်ကြီး ပေးထားလေတော့ မိမိဒေါပွသည်မှာလည်း မလွန်ဘူးဟု ထင်ပါသည်။

မျက်လုံးသာ မဖွင့်သေးရှိရမည် စိတ်ထဲတွင်တော့ alarm ပိုင်ရှင်အား ကျိန်ဆဲနှင့်ပြီး ဖြစ်နေလေပြီ။

ဘယ်လိုအသိမရှိတဲ့ လူမျိုးက မနက်စောစောစီးစီးမှာ alarm သံအကျယ်ကြီး ပေးထားပါလဲနော်...။ သူများတကာအိပ်နေတာကို လူမှုရေးနားမလည်ပဲ အသံအကျယ်ကြီးပေးထားတဲ့ လူရေ...ဘဝဆက်တိုင်း နား မုဒိန်းကျင့်ခံရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။

"ဟင်း..."

ခဏနေလျှင် အသံတိတ်သွားလိမ့်မည်ဟု တွေးမှတ်ကာ သက်ပြင်းတစ်ချက်ချရင်း အိပ်မြဲအတိုင်းသာ ဆက်အိပ်နေလိုက်သည်။ နားနှစ်ဖက်ကိုတော့ ခေါင်းအုံးအလွှတ်တစ်လုံးအား ဆွဲယူကာ ပိတ်ထားလိုက်သည်မို့ အသံသိပ်မကြားရတော့ပေ။

ကင်မ်ထယ်ယောင်းတဲ့...
တစ်ထယ်ယောင်းတည်းရှိတယ်...။ ရိုးရိုးအိပ်မရရင် ဆန်းဆန်းအိပ်ပြမှာပေါ့...။ ထမယ်ထင်ရင်တော့ အကြီးကြီးမှားသွားမယ်...ဟွန့်...။

ဤသို့ဖြင့် အမောင်ထယ်ယောင်းတစ်ယောက် အိပ်မက်ကမ္ဘာထဲသို့ နောက်ထပ်တစ်ဖန် အလည်အပတ် ရောက်ခဲ့ရပြန်သည်။

☆...............☆

ရွေ့လျားနေသော နာရီလက်တံ တချက်ချက်နှင့်အတူ ပျော်ရွှင်စရာ အိပ်မက်ကမ္ဘာလေးအတွင်းတွင် လှည့်ပတ်ကစားနေခဲ့သော ကောင်လေးတစ်ယောက်မှာလည်း ပြုံးလို့ရွှင်ပြနေ၏။ ကံတရားများကို အကွက်ချကာ ရေးဆွဲရသည့် ကံကြမ္မာနတ်ဘုရားကြီးမှာ ထိုကောင်လေးအား စိတ်ချမ်းသာခွင် မပေးချင်ဘူးထင်ပ့။ အိပ်စက်နေရင်းမှ ယောင်ရမ်းကာပြုံးနေသော နှုတ်ခမ်းပါးများကို မဲ့ကျသွားစေရန် ရည်ရွယ်ဆောင်ကျဉ်းလိုက်သည်မှာ နောက်ထပ်တစ်ဖန် ပြန်လည်နိုးထစေလိုက်ခြင်းပင်။

ADORABLE hyung [Completed]Where stories live. Discover now