9

1.6K 236 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
အခန်း ၉
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ကြီးမြတ်လွန်းတဲ့ ဆရာကြီး )

အရသာ ရှိတဲ့ စားစရာတွေ နဲ့ ပက်သက်လာရင် မိန်းကလေးတွေ က တကယ်မနိုင်ပါလား ထို အမေ နှင့် သမီး တို့ အစားအတွက် လုယက်နေကြပုံအား ကြည့်ပြီး လီနင်းဖန် ပြုံးလိုက်သည်။                 

သူတို့က ကျင့်ကြံသူတွေ ဖြစ်နေရင်တောင် ဘာအရေးလဲငါ့ အစားအသောက်တွေ အောက်မှာ လွှမ်းမိုးခံရတာပဲ ကြည့်ရတာ ကျင့်ကြံသူတွေလည်း ဘဝကို ပြောျသလိျု နေတတ်ကြပုံရတယ်

သူ အသားတစ်ဖဲ့ကောက်ကိုင်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဖြည်းညင်းစွာ ဝါးလိုက်လေသည်။

ဟင်တော်တော်လေး နူးညံပြီး အရသာ ရှိတာပဲ သူ မျက်လုံးကို မှိတ်ကာ အရသာဖုလေးများ အပေါ် စီးဆင်းသွားသော အသား၏ ဆွဲဆောင်မှုအား လိုက်ပါ ခံစားနေလိုက်သည်။ အခြားတစ်ဖက်တွင် ရှောင်ပိုင်မှာ ကျားသစ်ပေါင်သားကို လှီးဖြတ်ကာ ဧည့်ခံရင်း ပျော်နေပုံရသည်။

ထို အသားက အမျိုးသမီးလေး နှစ်ယောက်အား အမြင်ကျယ်သွားစေသည်။ ကိုယ်တိုင် ကြုံတွေ့ရခြင်း မဟုတ်လျှင် ဒီကမ္ဘာ၌ ယခုကဲ့သို့ ကောင်းမွန်လှသော အစားအသောက်တစ်ခု ရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ နောက်ဆုံး သူတို့ ဗိုက်ထဲ ထပ်မထည့်နိုင်တော့မှသာ ရပ်လိုက်ကြသည်။ တစ်ချိန်လုံး ခံစားခဲ့ရသည့် အတွေ့အကြုံတို့အား ပြန်တမ်းတရင်း ကျေနပ်နေလေသည်။

သခင်လေးလီ  အသားအတွက် ကျေးဇူးပါပဲ ကျောင်းရှူမှာ သူမ၏ အပြုအမူအား ထိန်းသိမ်းကာ ပထမဆုံး ဝင်လာစဉ်က ကဲ့သို့ သိမ်မွေ့စွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
လီနင်းဖန် လက်ဝှေ့ယမ်းလိုက်ကာ
ဒါက အသားကင်တစ်ခုပါပဲ ထူးခြားတာ မဟုတ်ပါဘူး

သခင်လေးလီဒီအသားက ကောင်းကင်က အင်မော်တယ်တွေဆီမှာပဲ ရနိုင်တာဟုတ်တယ်မလား လျိုရှီယူ မနေနိုင်ပဲ မေးလိုက်လေသည်။

လီနင်းဖန် ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ ခေါင်းခါယမ်းလိုက်သည်။

မိန်းကလေး နှစ်ယောက်မှာ ကြောက်ရွံစွာဖြင့် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိသည်။

ကျုပ်ကဆရာကြီး(1-ongoing)Donde viven las historias. Descúbrelo ahora