Lee Sun Heeရဲ့ Fateသီချင်းကို ဖွင့်နားထောင်ပြီး ဖတ်ပါ🎧
ကြိုဆိုသူမရှိတော့သည့် မြို့ငယ်လေးကို ပြန်လည်ခြေချလိုက်ရသည့် ခံစားချက်ဟာ ကျွန်တော့်အတွက် ဖော်ပြလို့မရတဲ့ အရာတစ်ခုသာ ဖြစ်သည်။
လေယဥ်ကွင်းမှ ထွက်လာရင်း
တိုးဝှေ့ဝင်လာသော ဘူဆန်ရဲ့လေညှင်းအေးအေးဟာ
အရင်နှစ်တွေလို ပျော်ရွှင်မှုတွေ ရောယှက်မနေတော့။ အထီးကျန်ခြင်း ပြယုတ်တစ်ခုသာ ဖြစ်သည်။"ဘယ်သွားမှာလဲ ခင်ဗျ"
"သိရက်သားနဲ့ မေးနေပြန်ပြီ"
"ခင်ဗျာ"
တစ်စုံတစ်ဦးဆီက ကြားနေကျစကားထင်၍
အရင်လိုပြန်ဖြေမိသည့် ပေါ့ပေါ့ပါးပါးစကားတစ်ခွန်းဟာ အငှားယဥ်မောင်း၏ ခင်ဗျာ ဟူသည့် စကားတစ်ခွန်းမှာ ကျွန်တော့်ကမ္ဘာဟာ အဓိပ္ပါယ်မဲ့ရပြန်။"ကိုကို့ ရင်ခွင်ထဲကိုလား ဂျယ်ယွန်းလေး"
မြို့ငယ်လေးကိုရောက်တိုင်း လာကြိုမြဲဖြစ်သည့်
အကို့ရဲ့ အရွတ်အနောက်စကားများဟာ ယခုအချိန်တွင် နောက်ထပ်မကြားနိုင်တော့မည်မှာ အမှန်တရားပင်ဖြစ်သည်ဆိုတာကို ကျွန်တော်ဟာ မေ့နေတတ်မြဲ။"မြို့အစွန်က မျှော်လင့်ခြင်းဂေဟာကိုပါ"
အိခနဲဖြစ်သွားပြီး မောင်းထွက်လာတဲ့
အငှားယဥ်ဟာ ကျွန်တော့်ကို အသံတိတ်အထီးကျန်စေသည်။ယဥ်မောင်းသူနေရာမှာ အကိုမဟုတ်တော့သလို
ဂေဟာသို့သွားရာ လမ်းတလျှောက်မှာ အကို့ရယ်သံလွင်လွင်အစား အငှားယဥ်၏ ရေဒီယိုမှ လွင့်လူးလာသည့် သီချင်းအေးအေးဟာ နေရာယူသည်။အခုတလော မဟုတ်ဘူး အကိုနဲ့ဝေးသွားကတည်းက နားထောင်ဖြစ်ခဲ့တဲ့ Lee Sun Heeရဲ့ Fateသီချင်းက နားထဲဝင်လာတော့ တိုက်ဆိုင်လိုက်လေခြင်းလို့ပဲ စိတ်ထဲဝယ်တွေးမိသည်။
*အကိုရယ် ကံကြမ္မာက ကျွန်တော့်ကို အကို့ဆီက ရုန်းထွက်ခွင့်မပေးချင်သေးဘူးထင်တယ်*
ကားမှန်ကိုဖြတ်ကျော်ကာ ရှုခင်းတွေဆီကိုသာ အကြည့်ပို့ဖြစ်သည်။ နှုတ်ခမ်းဖျားကတော့ သီချင်းစာသား အချို့ကို လိုက်ဆိုနေမိသည်။
YOU ARE READING
မမေ့ရက်နိုင်လေသော မြတ်နိုးရာရပ်ဝန်းလေးဝယ်(HeeJake)
Fanfiction"ချစ်တယ် ကိုကို ဘဝမှာပထမဆုံးနဲ့ နောက်ဆုံးအချစ်ဟာ ကိုကိုပါ ကိုကို ပြန်အလာကို စောင့်နေတာ ငါးနှစ်တောင်ရှိသွားပြီ ဒီတစ်ခါတော့ မစောင့်တော့ဘူး ကိုကို့ဆီပဲ ကျွန်တော်လာတော့မယ်နော်" Heeseung & Jake