part 27

1.1K 58 5
                                    

Unicode

ဒီမနက် ပိုင်မင်းသာဟန် bangkok သွားမည့် မေမေနဲ့ မမစောကို airport လိုက်ပို့ရသည်

သူတို့ထွက်ခွာသွားပီးမှ ကိုလည်း ပြန်လာခဲ့လိုက်သည်

ကိုယ်အတွေးဖြင့်ကိုယ် အေးအေးဆေးဆေးလမ်းလျှောက်နေတဲ့ ပိုင်မင်းသာဟန်ရဲ့လက်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သည်

စိတ်ပျံ့လွင့်နေချိန်တွင် လှမ်းဆွဲလိုက်သော လက်ကြောင့် ဘာရယ်မဟုတ်ပေမဲ့ ပိုင်မင်းသာဟန် လန့်ကာ ဆန့်ကနဲပင်တုန်သွားမိသည်

နောက်သို့လှည့်ကြည့်တော့ luggage လေးကို ကိုင်ထားကာ မိမိကိုရီပြနေသည့် မိမိထက်အသက်ငယ်ပုံရတဲ့ ကောင်လေးတစ်ယောက်

မိမိထက်အနည်းငယ်ပုကာ ခပ်ဖြူဖြူအသားအရည်နှင့် အဖြူရောင် t-shirt နဲ့ အနက်ရောင် ဂျင်းဒူးပြဲကို ဝတ်ဆင်ထားသည်

သူ ဘယ်သူလဲ မသိသည်မို့ ပိုင်မင်းသာဟန် အမှန်အတိုင်းမေးလိုက်သည်

'' ဘယ်သူလဲ ''

ထိုမေးခွန်းကိုကြားတော့ ကောင်လေးက မျက်နှာမကောင်းတော့ ပီးမှ

'' ကျွန်တော် သောလေ ကိုပိုင်မင်းသာဟန်ကလည်း ''

'' သော ဟုတ်လား '' ထိုအပြောတွင် ပိုင်မင်းသာဟန် ဆီမှ အံ့သြခြင်းအပြည့်ပါသည်

နောက်ဆုံးတော့ သောဆိုတာ မရှိဘူးအမြဲပြောနေတဲ့ စစ်ပိုင်ကို ဆန့်ကျင်ကာ လင်းပိုင် အမြဲရှာခဲ့ရတဲ့ သောတဲ့လား

မမစော ပြောနေကြစကားအတိုင်းဖြစ်သည်

'' လိုချင်လို့ လိုက်ရှာရင် ပျောက်နေရော မရှာတော့ဘူးလဲ ဆိုရော သူ့အလိုလို ပေါ်လာရော ''

တကယ်ဆို ဒီရက်ပိုင်းမှာ ပိုင်မင်းသာဟန် သောကို သတိမရခဲ့ပါ

လိုက်ရှာနေခဲ့သော လေးငါးနှစ်အတွင်းတော့ မတွေ့ခဲ့ရဘဲ အခုမှ သောက မိမိဆီကို သူ့အလိုလို ရောက်လာသည်

ထိုကောင်လေးနဲ့တွေ့ပီးအပြန် ပိုင်မင်းသာဟန် တစ်ယောက်တည်း အတွေးပေါင်းစုံဖြင့် ကားကို ဖြည်းဖြည်းချင်းမောင်းကာ ပြန်လာလိုက်သည်

သော ( completed)Où les histoires vivent. Découvrez maintenant