"Heartily Greeting with Zawgyi"
***
"My Only One"ဆီရောက်လာပေးသူ အားလုံးကို မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်။စာရေးရတာကို အရမ်းသဘောကျတဲ့နားနားအဖို့ ဒီလိုဝတ္ထုရှည်လေးဖန်တီးနိုင်လာတာကို ပြောမပြတတ်အောင် ရင်ခုန်မိပါတယ်။
ဒါလေးက အတွေးတွေ၊ ခံစားချက်တွေကို အများကြီးထည့်သွင်းထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
Lonely Feelingတွေလည်း ပါသလို၊ ရေခဲတုံးသမားဖြစ်တဲ့နားနားရဲ့ခံယူချက်တွေလွှမ်းနေတဲ့ "ရှန်း"ဆိုတဲ့ ဇာတ်ကောင်လေးကလည်း သွေးအေးအေးလေးဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် လူလည်ကျတတ်တဲ့ လူငယ်လေး"မင်းအဏ္ဏဝါ"ကတော့ စကားတတ်ပြီး လူလည်ကျမြဲကျနေမှာပါ။ပထမဆုံးဖန်တီးမှုလေးဖြစ်လို့ ဖတ်ရထောက်တာ၊ အဆင်မပြေတာတွေတော့ ရှိမှာမို့ ဝေဖန်လိုသည်ရှိ စာဖတ်သူတို့က ချစ်ခြင်းဖြင့်ဝေဖန်ထောက်ပြပေးပါလို့ တောင်းဆိုပါတယ်။
နားနားက အေးအေးဆေးဆေးရေးရတာကြိုက်လို့ အပိုင်းတွေကတော့ များမှာပါ။
စာလုံးရေကလည်း ရေးရင်းရေးရင်းနဲ့ သောင်းကျော်သွားတာတွေလည်းရှိတာမို့ အဲ့အချက်နဲ့ပတ်သက်ပြီး ပျင်းစရာကောင်းတယ်၊ ရိုးအေးလွန်းတယ်လို့ခံစားမိရင် အားမနာစတမ်းထောက်ပြပေးနိုင်ပါတယ်။ဖတ်ကြည့်ပေးဖို့တောင်းဆိုခဲ့ပြီးမှ အတော်ကြာတဲ့အထိဖျောက်ထားမိတဲ့အတွက် ထိုပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီကို အားနာမိပါတယ်။
အမြဲအတူရှိနေပေးတဲ့ တစ်ယောက်၊ နှစ်ယောက်သောငယ်လေးတို့ကိုလည်း အရမ်းလွမ်းနေခဲ့ပါတယ်လို့။
ပြီးတော့ ပထမဆုံးထောက်ပြပေးခဲ့သူဖြစ်တဲ့ အစ်မ❣@ချစ်အိမ်စည်ကိုလည်း တကယ်ကိုပဲ ကျေးဇူးတင်မိပါတယ်။အားလုံးကိုချစ်ခြင်းမေတ္တာတွေနဲ့ အေးချမ်းစေချင်ပါတယ်။
LGBTရပ်ဝန်းလေးကို မြတ်နိုးသူအားလုံးနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားသူအားလုံးကို လေးစားလျက်
နားနား❣
01.04.2022

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...