Zawgyi
"အမှတ်တမဲ့ပုံရိပ်တွေနဲ့ အံဝင်ခွင်ကျ မရှိလှ"
ညစာစားပြီးသည့်နောက် အချိုတည်းနေကြရင်း အဏ္ဏဝါတို့ သားမိသားဖသုံးယောက် စကားဝိုင်းဖွဲ့နေကြသည်။
ဤသည်ကတော့ အဏ္ဏဝါတို့ မိသားစု၏နှစ်လိုဖွယ်ရာကောင်းသည့်အချက်လို့ဆိုနိုင်၏။ ညဘက်မှ အတူဆုံချိန်ပိုရသည့်အတွက် အလုပ်အကြောင်း၊ တစ်နေ့တာအကြောင်း ပြောကြဆိုကြလေ့ရှိသည်။
သားဖြစ်သူနှင့် ယောက်ျားဖြစ်သူက မိုးလင်းကနေ မိုးချုပ် အလုပ်ထဲအချိန်ကုန်နေကြသဖြင့် "ဒေါ်နှင်းမမ" တစ်ယောက် ခပ်ညည်းညည်းလေး ရေရွတ်နေသည်က
"အင်း... ရှင်တို့ သားအဖနှစ်ယောက်ကလည်း အလုပ်အလုပ်နဲ့... ရှင်တို့အလုပ်သွားရင် အိမ်ကခြောက်ကပ်လို့...နားပူနားဆာလုပ်ပြီး အနားကပ်နေမယ့် ကလေးအငယ်ကလည်းမရှိ၊ ကျွန်မဖြင့် အတော်အထီးကျန်ပါ့တော်"
ဒေါ်နှင်းမမက ပွင့်ပွင့်လင်းလင်းပြောတတ်သည့်သူဖြစ်လို့ ဒီလိုထုတ်ပြောတတ်သည်။ ဦးမင်းဗညားကတော့ လိမ္မော်သီးကိုအခွံခွာနေရင်း တစ်ချက်လှမ်းကြည့်သည်။
အဏ္ဏဝါကထိုင်ရာမှထသွားပြီး အမေဖြစ်သူဒေါ်နှင်းမမကို ခပ်ဖွဖွဖက်လိုက်လေသည်။
"လာနှစ်သိမ့်တဲ့ သဘောပေါ့လေ "
ဖက်ထားရင်းနဲ့ငြိမ်နေသည့် အဏ္ဏဝါ၏ လက်မောင်းကို ခပ်ဖွဖွပုတ်ရင်း ဒေါ်နှင်းမမကဆိုသည်။
"မား နားလည်ပေးပါတယ်...စိတ်မကောင်းဖြစ်မနေနဲ့ဦး... ဒီလိုလူစုံတဲ့အချိန်လေးရှိတာကိုပဲ မားဝမ်းသာလှပြီ"
ဖက်ထားတာကိုလွှတ်လိုက်ပြီး ဒေါ်နှင်းမမ၏ပခုံးတွေကို ခပ်ဖွဖွနှိပ်နယ်ပေးနေသည်ကို ဦးမင်းဗညားကတော့ အသီးတွေစားနေရင်း ခပ်ပြုံးပြုံးကြည့်လျက်
"မင်းသားကနောက်ဆို ပိုတောင်မအားတော့မှာ...အလုပ်တွေ သားဦးစီးတဲ့အချိန်ကျရင်တော့ ငါအိမ်မှာရှိတဲ့အချိန်များမှာပေါ့ကွာ...အဲ့အခါ မင်းငါ့ကိုလွမ်းတဲ့ရောဂါ သက်သာသွားမှာပေါ့ကွာ"

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...