Part1 (Uni)

87 5 0
                                    

2026....

မြူခိုးတေဝေနေတဲ့တောင်ကုန်းလေးတခုအဲ့တောင်ကုန်းပေါ်မှာရပ်နေတဲ့သူမ....

အနောက်ကျောဘက်ကနေကြည့်တာတောင်အရှိန်အဝါတခုထင်းနေပီးအရာရာကိုရဲရင်စွာဆုံးဖြတ်ဖို့ပြင်ဆင်ထားတဲ့ပုံဆိုတာသိသာစေတာကသူမတင်းတင်းဆုပ်ထားတဲ့လက်သီးဆုပ်တေကသက်သေပင်...

သူမဘယ်သူလဲမသိပေမဲ့သူမကိုမြင်ရတာသူ့အတွက်စိတ်မလုံခြုံမှုကြောက်ရွံ့မှုကိုခံစားရသည်...

သူအနေနဲ့သူမကိုကြည့်ဖို့မဝံ့ရဲရင်ပြန်လှည့်ဖို့အခွင့်အရေးရှိရက်နဲ့သူရဲ့အတွင်းစိတ်ကသူမဆီသွားဖို့တွန်းအားပေးနေတယ်...

သူဝေခွဲမရဖြစ်နေတယ်သူမကသူသိတဲ့သူများလားအဲ့တာကြောင့်သူသွားကြည့်ဖို့စိတ်အားထက်သန်နေတာလားအတွေးတေထက်မြန်သောခြေထောက်ကတော့သူမအနားထိရောက်လာခဲ့ပီ....

သူမဝံ့မရဲနှင့်သူမပခုံးကိုလှမ်းပုတ်လိုက်ပီးလှည့်ကြည့်လာမဲ့သူမရဲ့မျက်နှာကိုကြည့်ဖို့အသင့်ပြင်ထားသည်...

"ဒုတ်...ဒုတ်...."

ကို့နှလုံးခုန်သံတောင်ပြန်ကြားရတဲ့အထိသူစိတ်လှုပ်ရှားနေမိတာလား...သူမကဘယ်သူလည်း....

ဖြည်းဖြည်းချင်းလှည့်ကြည့်လာသောသူမမျက်နှာမှာထင်းနေသောမျက်ခုံးများကသေသပ်စွာကွေးညွှန်နေပီးဝိုင်းစက်သောသူမမျက်လုံးများနှင့်အတော်လိုက်ဖက်ပီးအရမ်းမပေါ်သောနှာခေါင်း၏အောက်နားကလုံးလုံးလေးဖြစ်နေသည်တိပသောနှုတ်ခမ်းများကပြတ်သားသောစကားလုံးများကိုကိုယ်စားပြုနေသလိုပင်မျက်နှာဝိုင်းဝိုင်းထက်ဝိုင်းစက်သောအရာများစုဝေးနေသောသူမကိုရုပ်လုံးပေါ်အောင်သေချာကြည့်ပီးမှသူ့ပါးစပ်ကအမည်နာမတခုကိုရေရွတ်မိသည်....

"Mai"

သူအံ့သြမိသည်သူမကဒီကိုဘာလိုရောက်နေတာလဲသူကရောဘာလို့ရောက်လာတာလဲသူအတွေးများပွားနေစဥ်သူမကစတင်၍

"ရောက်လာပီလားရှင်ကတော့Maiကိုမသိပေမဲ့ Mai ကတော့ရှင့်ကိုသိပါတယ်တွေ့ရတာဝမ်းသာပါတယ် နိုင်ငံတော်အနုပညာရှင် Khun Billkin ကျမကတော့ Mai Amnuaydechkornပါ"

Shape Of My HeartWhere stories live. Discover now