Timing

1.1K 62 8
                                    

အချိန်ကာလပြောင်းလဲပုံက မြန်ဆန်လွန်းလှသည်။တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ယောက်၏နေ့တာတို့သည် မျက်စိတမှိတ်အတွင်း လေးလံစွာ ကုန်ဆုံးသွားခဲ့ရသည်။

အဆောင်သို့ရောက်သည်မှာ၄လတိတိကြာမြင့်ပြီဖြစ်သော ခွန်မြဲဟိန်သည် ခိုင်ခံ့မောင်မရှိသော မြို့လေးနှင့် တစ်နာရီကလေးတောင် နေသားကျခြင်းမရှိခဲ့ချေ။

မနက်၆နာရီထ၊ည၁၂နာရီအိပ်ရသည့် ဘော်ဒါဆောင်၏ စည်းမျဉ်းစည်းကမ်းများကြားတွင် သူစိတ်ရောကိုယ်ပါနှစ်၍ ကိုယ့်ကိုယ်ကို အပြစ်ပေးသည့်အနေဖြင့် ကျောင်းစာတွင်ထူးချွန်ထက်မြက်အောင်ကြိုးစားသင်ယူခဲ့သည်။

"ခွန်မြဲ သီတင်းကျွတ်ကျောင်းပိတ်ရင် မင်းက မင်းမြို့ကိုပြန်မှာပေါ့နော်"

သူငယ်ချင်းဖြစ်သူ သူရဇော်၏စကားကို သူခေါင်းညိတ်လိုက်ရုံဖြင့် အဖြေပေးပြီးသားဖြစ်သွားသည်။

"ငါက မင်းကို ငါ့အိမ်လိုက်လည်စေချင်တာ"

"အမေ့ကိုလွမ်းတယ်"

မုသားတစ်ဝက်ပါသည့် အဖြေကို သူရဇော်ကျေနပ်အောင်သူပေးလိုက်မိသည်။

သူအမေ့ထက်ပိုလွမ်းသည်က ထိုနယ်မြို့ကလေးမှ မြို့သားကလေးကိုဖြစ်သည်။

စာအုပ်စင်ရှိ A4 စာရွက်ထုပ်ထဲမှ စာရွက်အချို့ကို ခွန်မြဲဟိန် ထုတ်ယူလိုက်သည်။စာရွက်တို့မှာ ပါးလျလွန်းသဖြင့် သူသတိမထားလျှင် သူ၏လက်ချောင်းတို့အား ပြတ်ရှစေနိုင်၏။

" သို့...
ခိုင်ခံ့မောင်

မင်းနေကောင်းတယ်မလား။
ဒီမှာ ငါ ငါးမစားချင်ရင် ကြက်ဥကြော်ပေး
မဲ့သူမရှိဘူးကွ။

သူရဇော်ကတော့ သူ့အိမ်က ဘာလချောင်ကြော်ဘူးတွေ၊ အမဲသားခြောက်ကြော်တွေငါ့ကိုကျွေးတယ်။
ဒါပေမဲ့ ငါက မင်းသုပ်ကျွေးတဲ့ မန်ကျည်း ရွက်သုပ်ကို သိပ်သတိတာပဲ သိလား။

ညဘက်ကြီး အချိုရည်သောက်တဲ့
အကျင့်ကို မင်းမပြင်သေးဘူးလား ခိုင်ခံ့မောင်။
ပြီးရင်ဗိုက်အမြဲအောင့်ပြန်ဉီးမယ်။

ဒီကျောင်းမှာ မင်းမကြိုက်တဲ့ဆူးပုတ်ရွက်တွေ
ခဏခဏ ချက်တယ်သိလား။
မင်းသာပါလာရင် ဒုက္ခရောက်တော့မှာပဲလို့
ငါကြောင်တောင်တောင် တွေးမိတယ်။

ခိုင်မြဲစေလို...Where stories live. Discover now