Honey နဲ Mommyအပိုင်း (၄)
နှစ်ယောက်သား မိညိုဆိုတဲ့ကြောင်မလေး ကလေးမွေးတာထိုင်ကြည့်နေလိုက်ကြသည်။
"ဟဲ့ညှစ်လေ ...မိညိုရေ....ဟဲ့မညှစ်ပဲ ဘယ်ထသွားပြန်တာတုန်း
တကောင်ကတန်းလန်းကြီး မှိုဥရဲ့ တခုခုလုပ်ပေးလိုက်ပါအုန်း""သူ့ဟာသူမွေးပါလိမ့်မယ် နင်ကလဲ ...
ခုမှပထမဆုံးမွေးတာမို့လို့ကြာနေတာနေမှာပါ .....
ဟယ်....ထပြန်ပြီ ထပြီး ဘာလုပ်မှာတုန်း ...."ကြောင်ကလေးက မွေးရခက်လို့ထင်ပါရဲ့
သူမွေးနေတဲ့ပုံးလေးထဲကနေ ခနခနကိုထွက်လာဖို့ပြင်နေလေသည်။
မွေးလက်စတကောင်က တို့လို့တန်းလန်းကြီးမို့ နှစ်ယောက်သားအတူကြည့်ကာ အူယားနေကြခြင်းပင်။"ငါ လက်အိတ်စွပ်ပြီး ဆွဲထုတ်ပေးလိုက်ရမလား "
"နင်က ကိုင်ရဲလို့လား "
"မကိုင်ရဲလောက်ဘူး သူ့ကိုကြည့်ပြီးအူယားလို့ "
"အချင်းကတန်းလန်းကြီးဖြစ်နေပြီ နံလိုက်တာ
မှိုဥရယ် တခုခုလုပ်ပါတော့လား ကိုင်ရဲရင်လဲ ဆွဲထုတ်ပေးလိုက်ဟာ""နင်ကလဲ....သူ့ဟာသူမွေးပါလိမ့်မယ် ထားလိုက်ပါ
ဗိုက်လေးပွတ်ပေးလိုက်ရင် သူ့ဟာသူမွေးသွားမှာပါ
ဒါ နောက်ဆုံးတကောင်ထင်တယ် ...."သူမက ထိုသို့ပြောရင်းကြောင်မလေးရဲ့ဗှိုက်ကို ပွတ်ပေးနေလေသည်။
"ငါတော့ အဲ့အနံ့တွေမခံနိုင်ဘူး ညှီစော်ကြီး နံလိုက်တာ"
"ထိုင်နေလေ ကုတင်ပေါ် "
"အေး......ဒါနဲ့..."
"ဘာလဲ "
"ဘာမှမဟုတ်တော့ပါဘူးဟာ "
"နင်က အမြဲ အဲ့အတိုင်းပဲ"
သူမကိုပြုံးပြလိုက်သည်။
တကယ်က သူမမျက်လုံးထောင့်နားက အညိုအမဲ ဒါဏ်ရာလေးကို
တွေ့လို့မေးကြည့်ချင်ပေမဲ့ သူမထပ်ပြီး စိတ်ဒါဏ်ရာ အသစ်ဖြစ်ပေါ်လာမှာမျိုး မလိုလားတာကြောင့် မြိုသိပ်ပြီး မမေးလိုက်ခြင်းပင်။"မွေးသွားပြီ အဖြူအမဲစပ်ကြားလေးတော့ "
"ဟုတ်လား "
KAMU SEDANG MEMBACA
Honey နဲ့ Mommy
Romansaဒါကတော့ ကိုယ် ပထမဆုံးရေးဖူးတဲ့ Myanmar girl loveလေး ပေါ့။ အားလုံးပဲကြိုက်ကြပါစေ လို့မျှော်လင့်ရင်း...