Z
အကယ်၍....
အကယ်၍ ဆိုတဲ့စကားတွေသာ တစ်ကယ်ဖြစ်လာခဲ့မယ်ဆိုရင်
ူကျွန်တော်သိခဲ့သင့်တာ.....
တခြားတစ်ယောက်ကို ရွေးချယ်သွားတိုင်း ကြည့်ခဲ့တာ မျက်လုံးအကြည့်လေးတွေကိုသာ ဖတ်နိုင်ခဲ့မယ်ဆိုရင်....
ူ တစ်ခြားလူခေါ်တိုင်းသွားတိုင်း မဝံမရဲဆွဲခဲ့တဲ့ လက်သေးသေးလေးတွေကိုသာ ကျွန်တော် ဒီ့ထက်ပိုပြီး ဂရုစိုက်ခဲ့မယ်ဆိုရင်....
စောင့်နေတာကို ကျွန်တော် မေ့လျောသွားတိုင်း အဲ့နေရာလေးမှာ ဆက်စောင့်နေတဲ့ သူ ရှိနေတာ ကိုသာ ကျွန်တော် သတိတရဖြစ်ခဲ့မယ်ဆိုရင်....
လုပ်ချင်တဲ့အရာတွေပြောတိုင်း စားချင်တဲ့အစားအစာတိုင်းပြောတိုင်း သွားချင်တဲ့နေရာတွေကိုပြောတိုင်း ကျွန်တော် ဖြည့်ဆည်းပေးခဲ့မယ်ဆိုရင်...
အော်ငေါက်မယ်လုပ်တိုင်း ကျွန်တော် နည်းနည်း စိတ်လျော့ခဲ့မယ်ဆိုရင်....
ထွက်သွားတုန်းက အပြုံးလေး...
အရာအားလုံးကို ထားခဲ့နိုင်ပါတော့ပြီဆိုတဲ့
အပြုံးလေး....ကျွန်တော်မေ့မရခဲ့ဘူး.....
ကျွန်တော်က မကောင်းတဲ့ လူတစ်ယောက်ပါ။
အရာအားလုံးကို နောက်ကျသွားတယ်ဆိုရင်တောင်မှ ကျွန်တော့်နှုတ်ခမ်းနဲ့ မျက်လုံးတွေထဲမှာ
သူနဲ့ပတ်သက်တာတွေနဲ့ပြည့်နေတယ်...တစ်နေ့ပြီးတစ်နေ့ပြီးသွားတာနဲ့
ကျွန်တော့် ခံစားချက်တွေက ပိုပိုပြီး နက်ရှိုင်းလာတယ်....
ကျွန်တော်က သူနဲ့ ဝေးကွားမှုတွေကြားမှာ
လုံးဝကို နစ်မျောပြီးရုန်းကန်နေရပါတယ်...။ကျွန်တော် သူ့ကို သိပ်သတိရပါတယ်....။
••••••••••••••••••••••••••••••••••••••••••••
မင်းဘယ်တွေကိုများရောက်နေရတာလဲ ကလေးရယ်...
ကိုယ့်မှာ ထိန်းချုပ်နိုင်စွမ်းတွေပျောက်ဆုံးနေပါပြီ...။မင်းထွက်သွားတိုင်း မင်းရဲ့ အကျီစလေးကို ဆုပ်ကိုင်ထားတဲ့ လက်က ခွန်အားတွေက ဘယ်ရောက်သွားလဲ ကလေးရယ်....