🤍28🤍

1.3K 93 10
                                    

🐯Unicode🐯

Win နာရီကိုကြည့်ပြီး ခပ်သွက်သွက်ကျောင်းထဲကို ပြေးဝင်လာသည်။လာပြီ လာပြီနဲ့ နာရီဝက်လောက်နောက်ကျနေသော Win ကို ခုလောက်ဆို ချစ်သူငယ်ချင်းများက ထောပနာပြုကြတော့မည်။

စာမေးပွဲနီးလို့ အတန်းချိန်တွေသိပ်မရှိတော့ပေမယ့် အုပ်စုကလေးတွေဖွဲ့ပြီး စာစုလုပ်နေကြတဲ့ ကျောင်းသားကျောင်းသူအစုစုကလေးတွေက ကျောင်းဝင်းအနှံ့ပျံ့ကြဲလျက်။

ချိန်းထားတဲ့ခုံတန်းကို လှမ်းမြင်လိုက်ရတော့ Win သုတ်သုတ်သုတ်သုတ်နဲ့ မြန်မြန်လျှောက်လာသည်။
အမယ်..တယ်သစ္စာရှိတဲ့ကောင်တွေ လူမစုံမချင်းစာမလုပ်ရဘူးလို့များ ဥပဒေရှိတဲ့အတိုင်း။ဖုန်းကိုယ်စီနဲ့ ထိုင်တဲ့သူကထိုင် မှီတဲ့သူကမှီပိုးလိုးပက်လက်တွေနဲ့။
Win ရောက်လာရင်တော့ သောက်ကျင့်ပါနေကျအတိုင်း ဝိုင်းပြီးဆွမ်းကြီးလောင်းကြဦးမည်။

"ဝုန်း!"

"အာ sorry! sorr...."

"တောက်!"

သူအလာကိုယ်အလာ မတော်တဆဝင်တိုက်မိတဲ့ကောင်မလေးက ခပ်စွာစွာထင်သည်။ပြုတ်ကျသွားတဲ့မုန့်ထုပ်တွေကို ကောက်ယူပြီး Win ကိုမျက်စောင်းထိုးကာ တောက်ခတ်ပြီးထွက်သွားတော့ Win လက်ကလေးမိုးပေါ်နှစ်ချောင်းမြှောက်ရက်သားလေးနဲ့ ရှုံ့မဲ့ပြီးကျန်ခဲ့ရသည်။

"ကြီးကျယ်လိုက်တာ..တောင်းပန်သားပဲဟာကို..ဒေါသကြီးပုံက ဖိဘိုက်အတိုင်းပဲ ဟမ့်!"

မုန့်ထုပ်ကျသွားတဲ့နေရာကို အမှုမဲ့အမှတ်မဲ့ ကြည့်မိတော့ စာရွက်ပိုင်းလေးတစ်ခု...
မှန်းစမ်း ရုပ်ရှင်လက်မှတ်ကြီးများလား ဒါဆိုအပွပဲ သေတောင်လိုက်မပေးဘူးမှတ်!

Win စာရွက်ပိုင်းလိုလိုလက်မှတ်စောင်လိုလိုဟာလေးကို ကောက်ယူပြီး ဖတ်ကြည့်လိုက်သည်။

"ဘာကြီးလဲ ကူပွန်စာရွက်ကြီးလား"

Win နှုတ်ခမ်းလေးရွစိရွစိနဲ့ ပြူးပြဲကျော်ခွကြည့်လိုက်သည်။

"3ထည်ဆို 10% discount 5ထည်ဆို 15% 10 ထည်ဆို 50%.....Wowwww!"

ဆယ်ထည်ဆို တစ်ဝက်လျှော့စျေးရမှာလား???မိုက်လှချည်လား! !

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Onde histórias criam vida. Descubra agora