🌊0.0🌊

2.8K 243 45
                                    

UNICODE

" ဘမ် ကိုယ့်ကို ထားမသွားပါနဲ့~ မင်းမရှိရင် ကိုယ် သေသွားလိမ့်မယ် ဘမ်ရယ်~ဘမ့်!!.."

နိုးထလာတယ်.. ဘာကိုမှ ဖမ်းဆုပ်မရတဲ့ အိမ်မက်အပိုင်းအစတွေ..

နာကျင််လိုက်တာ.. ထားရစ်သူနဲ့ ကျန်ရစ်သူမှာ ကျန်ခဲ့ရသူတွေက အမြဲဇာတ်နာနေကြရတာလား?..

မျက်ဝန်းညိုညိုတွေက တစ်ချက်မှ တွန့်ဆုတ်ခြင်းမရှိဘဲ သူ့လက်တွေကို ဖြုတ်ချထားခဲ့တာ..

ကျနော် တင်းကျပ်နေအောင်် ဆုပ်ကိုင်ထားလျှက်နဲ့လေ..

ဆုတောင်းတွေ မှားခဲ့လို့များ.. ချစ်ရသူနဲ့ ကွေကွင်းရလေသလား?.. မင်းကို လွမ်းလိုက်တာ ဘမ်ရယ်..

" ထယ်ယောင်း အဲ့ဒါ ပထမနှစ်က Prince လေးတဲ့ မမိုက်ဘူးလား?.."

ပထမဆုံးတွေ့ဆုံခြင်းမှာ ကျနော်ရင်ခုန်နှုန်းတွေ မြန်လာရတယ်..

သူ...

သူက ဘမ်နဲ့တူလိုက်တာ..

မျက်ဝန််းညိုညိုလေးတွေ.. နှာတံမြင့်မြင့်လေးတွေနဲ့ ခရမ်းရောင်ရေးရေးလေးတွေ ဆိုးထားတဲ့ ဆံပင်ခပ်ဝဲဝဲလေးတွေက.. ဘမ်နဲ့ တစ်ပုံစံထဲ..

အသံလေးကြားရတော့ သူခြောက်ခြားလာသည််.. တကယ်ကို ဘမ်အနားရှိနေသလို ခံစားနေရတော့တာပါလား?..

မြင်ပါများလာတာနဲ့အမျှ စွဲလမ်းလာတော့တာ.. သူက ကျနော့်ရဲ့အလွမ်းတွေကို ကုစားပေးမယ့်သူ ဖြစ်လာနိုင်မယ်နဲ့ တူပါရဲ့..

" ကိုယ်် မင်းကို ချစ်တယ်.. မင်းရောဟင်?.."

စဉ်းစားပါရစေဆိုတဲ့ ထိုကောင်လေးဟာ သူဘမ့်ကို လိုက်တုန်းကလိုပဲ 14 ရက်မြောက်နေ့မှာ မြို့ပတ်ရထားစီးရင်း အဖြေပေးခဲ့တယ်..

အဖြေပေးတဲ့နေ့မှာပဲ ပထမဆုံးဒိတ်ကို ဖြတ်သန်းကာ ကိုးရီးယားရိုးရာအိမ်လေးတွေကို သွားလည်ပတ်ခဲ့တယ်..

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆာကေးခွက်လေးတိုက်ပြီး အသားကင်တူတူစားခဲ့ကြတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆာကေးခွက်လေးတိုက်ပြီး အသားကင်တူတူစားခဲ့ကြတယ်..

အပြန်မှာ Cotton Candy (ဟာတာပူစီ) စားခဲ့ကြပြီး အနမ်းတောင်းခဲ့မိတယ်..

အဲ့နေ့က ဘမ်နဲ့ ပထမဆုံးဒိတ်ကလိုမျိုး သူနဲ့ အကုန်လုပ်ခဲ့တာ.. တကယ် ဘမ် ကျနော့်ဆီ ပြန်ရောက်လာခဲ့သလိုမျိုး အငွေ့အသက်တွေ.. ကျနော် ပျော်လိုက်တာဆိုတာ..

" အကို့အိမ်မှာ ကျနော့်ကို ခေါ်ထားပါလားဟင်?.."

ကျနော် အဲ့ကောင်လေးကို ကျူးလွန်ဖို့ စိတ်မကူးခဲ့ဖူးပါဘူး..

ဘမ်အနေနဲ့ပဲ မြင်ခဲ့တာပါ.. ဒါပေမယ့် ကျနော် အတ္တကြီးမိတယ်.. ကျနော့်အဲ့ကောင်လေးကို ကျနော့်အလိုဆန္ဒအရ သိမ်းပိုက်ခဲ့တယ်..

ကျနော့်စိတ်ထွက်ပေါက်တွေက ဒီကောင်လေးနဲ့တင်် ပြီးမသွားခဲ့ပါဘူး..

ဘမ်ပြန်လာမယ်အထင်နဲ့ ကျနော်အများကြီး ဆိုးသွမ်းပြခဲ့တယ်..

ဘမ်များ ကျနော့်သတင်းတွေကြားပြီး တစ်ချက်လောက် ပြန်လာကြည့်မလားလို့လေ..

ဒါပေမယ့် ဘမ်က ကျနော့်ဆီကို ပြန်မလာခဲ့ဘူးဗျာ..

အမြဲပူလောင်နေရတဲ့ ကျနော်က ထိုကောင်လေးအနားမှာ ရှိနေလို့သာ အဆင်ပြေခဲ့တယ် ပြောရမယ်..

ကျနော်သူ့ကို တကယ်ကျေးဇူးတင်တာပါ.. ကျနော် သူ့ကိုမချစ်ပေမယ့်လို့လေ..

တစ်နေ့ ကျနော်မျှော်လင့်နေတဲ့ အရာတွေ ဖြစ်ပျက်လာခဲ့ပြီ..

" သူ.. ဘမ်ပြန်လာပြီတဲ့ ဆော့ဂျင်း.."

ထိုကောင်လေးက ခေါင်းလေးတစ်ချက်ငြိမ့်ပြပြီး အိမ်ပေါ်က ဆင်းသွားခဲ့ပေးတယ်..

ကိုယ်မင်းကို တောင်းပန်ပါတယ် ဆော့ဂျင်းရယ်..

ကိုယ်မင်းအပေါ် တစ်ကိုယ်ကောင်းဆန်ခဲ့မိလို့..

~~~~~

🌊River🌊Where stories live. Discover now