"ဟင့်အင်း ။ ဟင့်အင်း ။ အဲ့ဒါမင်းမဟုတ်ဘူးမှတ်လား ။ ငါငါ အထင်မှားနေတာမှတ်လား ။ မင်းနဲ့သူနဲ့ဘာမှမပတ်သတ်ဘူးမှတ်လား "
ခေါင်းကိုအကြိမ်ကြိမ် ခါယမ်းကာ သူပြောနေမိသည်။မဟုတ်ပါဘူး ။ အဲ့ဒါ သူ့ရဲ့ချစ်ရသူမဟုတ်ပါဘူး ။ တုတ်ရီနေတဲ့စိတ်အစဥ်အားထိန်းချုပ်ကာပြောနေပေမယ့် ချစ်ရသူရဲ့စကားတစ်ခွန်းဟာ သူ့မျှော်လင့်ချက်တွေကိုရိုက်ချတယ်။ သူ့ရဲ့လုပ်ယူထားတဲ့အပြုံးတွေဟာ ထိုအခိုက်အတန့်မှာသေဆုံးသွားတယ်။
"ငါတောင်းပန်ပါတယ် "
ဟင့်အင်း ဟင့်အင်း...သူမယုံနိုင်ဘူး ။ သူသိပ်ချစ်ပေးခဲ့တာ ။ အကောင်းဆုံးဆိုတာတွေကြီးပဲ သူပေးခဲ့တာ ။ ဒီလိုဖောက်ပြန်မှုမျိုးတော့ သူပြန်မရသင့်ဘူးမှတ်လား ။ ထပ်ပြီးအကြောင်းပြချက်တွေ နားထောင်ချင်နေခဲ့ပေမယ့် ချစ်ရသူဟာ တိတ်ဆိတ်မှုတစ်ခုနဲ့သာတုန့်ပြန်တယ်။ ပြီးတော့ တစ်ခွန်းပြောတယ်"ငါ့ကိုကွာရှင်းပေးပါ"တဲ့...
"အား...."
မျက်ရည်တွေက အဆက်မပြတ်စီးကျလာတယ်။ သူ့အသက်ရှူသံတွေဟာ ပုံမှန်မဟုတ်ဘူး ။ သူ့ခန္တာကိုယ်ဟာတုန်ရီနေတယ်။ မဟုတ်ဘူး ။ ဒါကတကယ့်အဖြစ်အပျက်မဟုတ်ဘူး ။ ဒါသူအိပ်မက်မက်နေတာ ။ ဟုတ်တယ် သူအိပ်မက်မက်နေတာ ။ ဘာလို့ ..ဘာလို့ သူသိပ်ချစ်ရသူက သူ့ကိုဖောက်ပြန်မတဲ့လဲ ။ဟုတ်တယ် ။ သူပြန်အိပ်ရမယ်။
ချက်ချင်းပင် နံရံကိုမှီထိုင်နေရာမှထကာ အိပ်ယာဆီသို့ အမြန်ပြန်သွားမိ၏။ ဟုတ်တယ် ။ သူပြန်အိပ်လိုက်ရင် သူနိုးလာမှာ ..ဒါတွေက ပြီးသွားမှာ ။ သူ..သူသိပ်ချစ်ရတဲ့ ချစ်ရပါသောက သူ့ကိုသစ္စာဖောက်မှာမဟုတ်ဘူး ။ ဟုတ်တယ် ။ သူပြန်အိပ်ရမယ်။
အဆက်မပြတ်ကျလာသည့် အရည်ကြည်တွေအား လက်ခုံဖြင့် ခပ်ကြမ်းကြမ်သုတ်လိုက်၏။ အိပ်ယာဆီလျှောက်နေသည့် သူ့အားချစ်ရပါသော လက်ဆွဲကာ တားဆီးသည်။
"မင်းအရူးထမနေနဲ့တော့ ။ ငါ့ကိုကွာရှင်းပေး ။ ငါမင်းကိုမချစ်ဘူး"
စကားလုံးတွေပဲဖြစ်ပေမယ့် နှလုံးသားထဲအထိလာရိုက်ခတ်တယ်။ ချစ်ရပါသောဟာ သူ့ကိုစကားတွေနဲ့အသေသတ်ချင်နေသလားပဲ ။