Stolen by Azalea // one shot //

953 83 40
                                    

{Unicode}

ဒီ story လေးက ပေ့ချ်မှာ တစ်ခန်းရပ်သုံးပုဒ် surprise gift ရထားတဲ့ client အတွက် ရေး​ပေးထားတာ​လေးပါ။ တစ်ခန်းရပ်ဆို​ပေမယ့် one shot တစ်ဝက်စာ​လောက် ရှည်သွားတယ်ရယ်။ plot ကို ဒီထက်ပိုတို​အောင် မစဥ်းစားတတ်​တော့တာရယ်၊ ခင်​နေတဲ့​ကောင်မ​လေးမို့ ပို​​ရေး​ပေးလိုက်တာရယ်လည်း ပါတာ​ပေါ့ ဟီး။ ဒါ​လေးကို သူ့ဆီက ပြန်တင်ပါဆိုတဲ့ ခွင့်ပြုချက်ရတာ​ကြောင့် အားလုံးဖတ်လို့ရ​အောင် တင်​ပေးလိုက်ပါတယ်။ တိုတိုလေးပဲမို့ ဖတ်​ပေးကြပါဦး​လို့။

~~~~~

Stolen by Azalea _ Soobin × OC

နွေဦးမို့ တောင်ဇလပ်​နီနီ​တွေက လမ်း​ဘေးဝဲယာမှာ အစုပ်လိုက်အခိုင်လိုက်ပွင့်သည်။ ချုံပင်အနွယ်​မျိုးမို့ လမ်း​ဘေးတောက်လျှောက် ခြံစည်းရိုးသဖွယ် ခြံရံလို့။ ချယ်ရီပင်မြင့်​တွေ​ပေါ်က​နေ တရိပ်ရိပ်ကြွေနေတဲ့ ချယ်ရီပွင့်ဖတ်​တွေဟာ ကျောင်းလမ်း​လေး​ပေါ် ပန်းခင်းပေးထားသည့်အတိုင်း။

ပြန့်ကြဲ​နေတဲ့ ပန်းပွင့်​ကြွေ​တွေ​ပေါ် ရှူးဖိနပ်နဲ့အသာနင်း​လျှောက်တော့ ဖိနပ်​လေးက ပန်း​တွေကြားထဲ တအိအိနစ်ဝင်သွားတာ စိတ်ကျေနပ်စရာပင်။ အပင်​တွေကြားက​နေ ဖြာကျတဲ့ နေ​ပြောက်​လေး​​တွေကလည်း ဟိုတစ်ကွက် သည်တစ်ကွက်။

နေ​ရောင်​နွေး​နွေး​အောက်မှာ ယူအာ့ရဲ့စိတ်အစဥ်ဟာလည်း လန်းဆန်းလျက်ရှိသည်။ သည်နေ့က ပထမစာသင်နှစ်ရဲ့ ပထမဆုံး​ကျောင်းဖွင့်ရက်ဖြစ်တာမို့ အထက်တန်းဒုတိယနှစ်ဖြစ်သူ ယူအာလည်း တခြား​ကျောင်းသူ​ကျောင်းသား​တွေနည်းတူ ကျောင်းကိုသာ ဦးတည်နေသည်။

ကျောင်းဖွင့်ပြီဆို​တော့ သူနဲ့လည်း တွေ့ခွင့်ရှိပြီ​ပေါ့​လေ။ ယူအာတို့​ကျောင်း အထက်တန်း​နောက်ဆုံးနှစ်က ယူအာကြိတ်ပြီး သ​ဘောကျရတဲ့ စီနီယာအစ်ကိုကြီးတစ်​ယောက်ရယ်ပါ။ ကျောင်းပိတ်ရက်တစ်ခုလုံး သူ့ကို ဘယ်​လောက်​တောင် သတိရ​နေခဲ့ရလဲ။

ကလင်.. ကလင်.. ကလင်။

ယူအာ ဇလပ်ပန်းတစ်ခိုင်ကို လှမ်းခူး​နေရင်း ကြားလိုက်ရတဲ့ စက်ဘီးဘဲလ်သံလွင်လွင်​ကြောင့် ယောင်ယမ်းကာ လှည့်ကြည့်မိ​သည်။ စီနီယာဆူဘင်းကလည်း သူ့စက်ဘီး​လေးနဲ့ ကျောင်းလာ​နေကျမဟုတ်လား။ ထင်တဲ့အတိုင်း သူပါပဲ။

Stolen by Azalea // Soobin //Where stories live. Discover now