part 28

1.1K 53 0
                                    

Unicode

'' Something just like this '' သီချင်းကို ကားမောင်းရင်း ဖွင့်ထားသည်က သံသာ့အကြိုက် သီချင်းမှန်း ထက်အာကာ သိထားသည်မို့ ဖြစ်သည်

သို့သော် ယခုအချိန်ထိ သံစဥ်နှင့်အတူ ခြေတလှုပ်လှုပ်လုပ်နေသည်မှလွဲ၍ သီချင်းကို လိုက်မဆိုသေးပါ

သူ့အကြိုက်ဆုံးအပိုဒ်အား စောင့်နေခြင်းဖြစ်သည်

သေချာပါသည် သံသာသီချင်းစဆိုတော့မည် ဘာကြောင့်လဲဆိုတော့ ယခုလာမည့်အပိုဒ်သည် သံသာ့အကြိုက်ဆုံးအပုဒ်ဖြစ်သည်

ထို့ကြောင့် ထက်အာကာ စိတ်ထဲမှ countdown ရေနေလိုက်သည်

'' 3 2 1 ''

သံသာ သီချင်းစဆိုပါပီ

ကလေးတစ်ယောက်လို သီချင်းကိုအားရပါးရအော်ဆိုနေသော သံသာ့ကိုကြည့်ပီး ထက်အာကာ ပြုံးမိသည်

သံသာက သီချင်းဆိုရင် body ကပါ မလှုပ်ဘဲ မနေနိုင်

တခြားလူတွေနဲ့ သီချင်းဆိုချိန်မှာလည်း သံသာအခုလိုပဲဆိုတတ်သလား သိချင်သေးသည်

'' something just like this ''
'' never be the same ''
'' bad things''
'' perfect strangers ''

ကိုကြီးအာကာ ဖွင့်တဲ့သီချင်းတွေအားလုံးက သံသာ့အကြိုက်တွေချည်းဖြစ်သည်

သံသာ့အတွက် သီချင်းနားထောင်လို့အကောင်းဆုံးအချိန်နှစ်ခုရှိသည်

ရေချိုးချိန်နှင့် ကားစီးနေချိန်

အခုလိုမျိုး ကားစီးပီး သီချင်းနားထောင်နေရရင် ဘယ်တော့မှ ခရီးဆုံးကို မရောက်ချင်ပါ

အထူးသဖြင့် နယ်ဘက်ကို သွားရတဲ့ ခရီးစဥ်တွေကို သံသာတကယ်ကြိုက်သည်

10 နာရီလောက်အထိ စီးရတဲ့ ကားလမ်းခရီး ရထားလမ်းခရီးမျိုးပင် သံသာ အိပ်မပျော်တတ်

သံသာက ကားစီးနေရရင် ဘေးပတ်ဝန်းကျင်မြင်ကွင်းများကို လိုက်ကြည့်ရင်း သီချင်းနားထောင်ရင်း တစ်စုံတစ်ယောက်ကိုလွမ်းဆွေးနေရင်းဖြင့် ခရီးဆုံးကို ဘယ်တော့မှမရောက်ချင်သည့်လူမျိုး

ယခုလည်းမရောက်ချင်သေးပေမယ့် ကိုကြီးအာကာ မောင်းလာတဲ့ကားက y.u ကျောင်းဝန်းထဲကို ရောက်လာခဲ့ပါပီ

သော ( completed)Tahanan ng mga kuwento. Tumuklas ngayon