part_1

288 32 3
                                    

"ဟော.."

"ဟမ်.."

Jungwonကသူ့ဖုန်းscreenကြည့်ပြီးအံ့ဩတကြီးဖြစ်ကာဘေးနားမှJayကိုပြရင်းကော်ဖီအမှာစာတွေကိုလက်ခံနေသည့်Sunooအားကြည့်ကာနှစ်ယောက်သားပြိုင်တူ
မတ်တပ်ရပ်မိလျက်သားဖြစ်သွားလေသည်။
Screenပေါ်တွင်Sunooမပါသည့်group chatထဲတွင်လည်းmessageပေါင်းများစွာကတစ်ခဏအတွင်းတစ်ခုပြီးတစ်ခုရောက်လာလေသည်...

"Sunooya ....ငါတို့အရင်ပြန်နှင့်မယ်နော်
မင်းပြန်လာရင်ညနေစာစားလို့ရအောင်လည်းချက်ပြုတ်ထားမယ်ok..."

"ခဏလေးလေ...အချိန်ပိုင်းသမားကရောက်လာတော့မှာဘဲ
အတူတူပြန်ကြ‌ရအောင်နော်..."

"Heesung hyungနဲ့Jake hyungကညနေhyungအိမ်ကိုလာပြီးသုံးထပ်သားကင်လာစားချင်လို့တဲ့"

"မနေ့ကလည်းငါတို့တွေအရက်သောက်ကြသေးတယ်မလား
ဒီနေ့ရောဘဲလား..."

"ဒီနေ့Jake hyungကကြည့်ရတာအိမ်မှာအဆင်မပြေပုံဘဲ...စိတ်ကျဉ်းကျပ်နေလို့နဲ့တူပါတယ်...ကျွန်တော်တို့နဲ့အတူတူရှိနေချင်လို့တဲ့..."

"အဲ့တာဆိုလည်းပြန်လေ...ငါနောက်မှလာခဲ့တော့မယ်.."

"အဲ့တာဆိုငါတို့သွားပြီနော်Sunoo..."

‌Customerတွေရောက်လာပြီမို့Sunooလည်းမေးမြန်းမနေတော့ဘဲအလုပ်ကိုသာအာရုံစိုက်လိုက်တော့၏..

Jungwonနဲ့Jayအိမ်ရောက်သွားသည်နှင့်Heesungနဲ့Jakeကလည်းရှေ့ဆင့်နောက်ဆင့်ရောက်လာကြလေသည်။
"ဒီသတင်းကိုSunoo hyungသိသွားလို့မရသေးဘူး..
ဘာဘဲဖြစ်ဖြစ်ကျွန်တော်တို့တားရမယ်..."

"မဖြစ်နိုင်ဘူးထင်တယ်နာမည်ကြီးParkမိသားစုရဲ့ဆက်ခံသူကနိုင်ငံခြားကနေကုသမှုခံယူပြီးသူ့ဇနီးလောင်းနဲ့အတူ
ကိုးရီးယားပြန်လာပြီဆိုတဲ့သတင်းကအခုရှာဖွေမှုစရင်းထဲ
နံပါတ်တစ်ဖြစ်နေတယ်..."

"အဲတာထက်အရေးကြီးတာကလေSunghoonieက
လုံးဝသူ့ကိုယ်သူတောင်မမှတ်မိတော့တာတဲ့သူ့အမေနဲ့သူ့အဖေသူ့အချစ်ဆုံးညီမလေးတောင်မမှတ်မိဘူးတဲ့...
တော်တော်လည်းထိခိုက်သွားတဲ့ပုံဘဲ..."

ကာယကံရှင်နှစ်ယောက်ရဲ့ကိစ္စကိုအတွင်းကျကျသိထားကြတဲ့သူတို့လေးယောက်လုံးတစ်ယောက်မျက်နာတစ်ယောက်ကြည့်ကာသက်ပြင်းကိုယ်စီချမိကြလေသည်။

"အားရီးဂူး...အဲဒီလိုသက်ပြင်းချနေပုံနဲ့ငါ့အိမ်တော့ကျွံကျသွားတော့မှာဘဲ...အဲဒီလောက်တောင်အလုပ်မှာဖိအားများနေကြတာလားဟင်..."

"ဘယ်အချိန်တုန်းကနေရောက်နေတာလဲ..."

"Hyungတို့သက်ပြင်းချနေ‌တုန်းကနေလေ...ဘာစကားမှမပြောဘဲသက်ပြင်းချည်းချနေရအောင်ဘာတွေဖြစ်နေကြလို့လဲဟင်"

"Jakeရဲ့အိမ်ကပေါ့သူ့ကိုကုမ္ပဏီမှာအတင်းအလုပ်ဝင်စေချင်နေလို့လေ...သူကအဲတာကြောင့်သက်ပြင်းတွေချနေတာလေ..."

Jayစကားကိုခဏလောက်Jakeကြောင်သွားကာရယ်ကျဲကျဲလုပ်ရင်း

"ငါ့အစ်ကိုကလည်းAustraliaမှာရုံးခွဲကိုထိန်းနိုင်သွားပြီမို့
အိမ်ကအဖိုးကြီးကအနားယူချင်နေတယ်ထင်ပါတယ်
င့ါကိုအတင်းအလုပ်ဝင်ခိုင်းနေတယ်...အခုငါတို့ဘောလုံးကလပ်ကိုလည်းဖိအားတွေပေးနေတယ်နဲ့တူတယ်
နည်းပြကလည်းငါ့ကိုအခုတစ်လောသိပ်မကြည်ဘူး..."

"အဲတာဆိုအခုဘောလုံးကလပ်ကထွက်ရမှာလား..."



You've reached the end of published parts.

⏰ Last updated: Oct 11, 2021 ⏰

Add this story to your Library to get notified about new parts!

I Will Never Let You GoWhere stories live. Discover now