Jennieသည် နောက်ရက်တွင် jisooအိမ်သို့ကူးလူးသွားလာခြင်းမရှိတော့။နင့်မားဟု ချွဲပျစ်ကာ စကားလုံးအလှတွေနဲ့လည်း jisooကိုသွားမချွဲတော့။
တရားရုံးနှင့်ရဲစခန်းကို အသွားအပြန်လုပ်နေရသဖြင့် Lisaက သူ့ကားလေးဖြင့် အပို့အကြို လုပ်ပေးရှာသည်။အမှုကြားနာမည့်ရက်နီးလာလေ jenမှာ ရင်ထဲလေးပင်လျက် တွန့်ဆုတ်မိလေလေဖြစ်နေသည်။သို့သော် ရပ်တန့်ပစ်ဖို့တော့ စိတ်ကူးမရှိ။နောင်တွင် နာကျင်စရာ အတိတ်အတွက် jennieရော jisooပါ လိပ်ပြာလုံချင်ပါသည်။jisooအပြစ်ကို ဆေးကြောပစ်ခြင်းက jenရင်ထဲ နက်နက်နဲနဲစိုက်ဝင်နေသည့် ဆူးတစ်ချောင်းကို ဖယ်ထုတ်ပစ်လိုက်ခြင်းသာဖြစ်သည်။
Jisooထိုင်သည့် barတွင် လူသိပ်မရှိ။အရင်လိုပင် ကောင်မလေးတစ်ချို့က jisooအနားတွင် ရစ်ဝဲနေသော်လည်းမျက်နှာမသာသော သူမကြောင့် အသီးသီး သူမဆီက ထွက်သွားကြသည်။jisooဘီယာ အေးအေးလေးကို တစ်ငုံချင်းငုံနေစဥ်တွင် ဘေးတွင် လူတစ်ယောက်လာရပ်သည်။
"Hello မဒမ်" ချယ်ယောင်းက jisooဘေးရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"တိုက်ဆိုင်နေပါလား လာသောက်တာလားမင်းက"
Jisoo၏ တိုက်ဆိုင်သည်ဆိုသော စကားကြောင့် ချယ်ယောင်း သူ့ဖက်သို့လှည့်ကြည့်လာသည်။jisoo၏မျက်နှာလေးမှာ မီးရောင်မှိန်မှိန်၌ ခပ်နီနီလေးဖြစ်နေသည်။မူးဝေဟန်မရှိသော jisooသည် ချယ်ယောင်းဖက်သို့ လှည့်မကြည့်ပဲ တစ်နေရာ၌ တွေတွေကြီးငေးစိုက်ကာ အသက်မဲ့စွာပြုံးနေသည်။
"အင်း လာသောက်တာ ပျင်းလို့လေ"
ချယ်ယောင်းသည် Lisaဆီမှ သတင်းကြားပြီးသည်နှင့် မဒမ်နောက်သို့ တောက်လျှောက် နောက်ယောင်ခံလိုက်လာခဲ့သည်။ ဒီbar လာတာက တိုက်ဆိုင်ခြင်းမဟုတ်ကြောင်း jisooကို ချယ်ယောင်းမရှင်းပြခြင်ပါ။မဒမ်သည် သူ၏ သမီးမှအပ ဘယ်ဟာမှစိတ်ဝင်စားမည်မဟုတ်ကြောင်း jenကို လာခေါ်သည့်ညကတည်းက ချယ်ယောင်းနားလည်ခဲ့ပြီမို့လေ။
YOU ARE READING
My mom lover is my sister
Fantasíaအိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား