Unicode

6.3K 471 327
                                    

အတန်းဆင်းချိန်နီးကပ်လာပြီဖြစ်သောကြောင့် အထက်တန်းဒုတိယနှစ် C အခန်းတွင် ကျောင်းသားများ၏ စကား​ပြောသံများဖြင့်ဆူညံနေသည်။

ထိုအထဲတွင် မနက်ဖြန်က ချစ်သူများနေ့ဖြစ်သောကြောင့် မိန်းကလေးများ၏ စကားပြောတိုင်ပင်သံများကအဆိုးဆုံးပင်။သူမတို့ crush ကိုလက်ဆောင်ပေးရန် တစ်ချိုက ချစ်သူ​ကောင်လေးရှေ့တွင် မိမိ အလှဆုံးဖြစ်စေရန် ဘယ်လိုပြင်ဆင်ရမယ် ချစ်သူကောင်လေး၏ လက်ဆောင်များကိုလည်းအရမ်းမျှော်လင့်ပြီး ရင်ခုန်နေကြောင်း စသောစကားသံများကြောင့် ဂျယ်ယွန်း စာရေးခုံပေါ်ခေါင်းစောင်းတင်ရင်း နားနှစ်ဖက်ကိုလက်ဖြင့် အုပ်ထားလိုက်သည်။

ဒီအချိန်မှာ ဘာကိုအမုန်းဆုံးလဲလို့မေးရင် ချစ်သူ ဆိုတဲ့စကားလုံးလို့ ဂျယ်ယွန်းပြောမိလိမ့်မယ်။သူ အဲ့စကားလုံးကိုမကြားချင်ပါ။
ရည်းစားထားပြီး အခုလိုအထီးကျန်နေရမှန်းသိရင် လွန်ခဲ့သောခြောက်လကိုပြန်သွားပြီး
ငတုံးကောင် ရေခဲလိုကောင်ကိုကြိုက်မိတဲ့ သူ့ကိုယ်သူ အမြီးဆွဲပြီးကိုင်ပေါက်မိမှာ အသေချာပဲ

နေ့လည်စာ စားပြီးနောက်ပိုင်း အတန်းထဲဝင်လာကတည်းက စူပုတ်နေတဲ့ ဂျယ်ယွန်းက တစ်ချိန်လုံးစာထဲစိတ်မရောက်ပဲ ဟိုငေးဒီငေးနဲ့။ အခုလည်း မျက်မှောင်ကုတ်ပြီး နံရံကိုစူးစိုက်ကြည့်နေသော သူငယ်ချင်းဖြစ်သူကြောင့် ​ဂျေးကသိမ်းလက်စ စာအုပ်ကို အိတ်ထဲအမြန်ထိုးထည့်လိုက်တယ်။

ဒီကောင် ဂျယ်ယွန်း စိတ်ဆိုးချိန်က အရမ်းရှားတာမို့ အကြောင်းအရင်းကို မမေးပဲ သိလိုက်ပေမဲ့ အသိဟန်ပဲဆောင်လိုက်ရတယ်။မဟုတ်ရင် သူတို့ပြသနာကို နားပူတဲ့အထိ နားထောင်ပေးရမှာလေ
မိုက်မဲတဲ့အလုပ်ဆိုရင် ပတ်ဂျေးတို့က ဝေါင်ဝေါင်ရွှေးပဲ အဟွန်း

"ဒီဘောပင်က ဘာလို့နီနေရတာလဲ
ဒါ သက်သက်မဲ့ ငါ့ကိုစော်ကားတာ"

ဒေါက်

"ဟာ ဟျောင့်
မှင်နီဘောပင်က မနီလို့မဲနေရမှာလားကွ"

လက်ထဲကိုင်ထားတဲ့ ဘောပင်အနီလေးကို အဝေးလွှင့်ပစ်ရင်း ပါးစပ်ကလည်း ပွစိပွစိရေရွှတ်နေပြန်တယ်။
ခက်တယ် ခက်တယ်
အာ့ကြာင့် ဂျေးကရည်းစားမထားချင်တာ
အဆင်ပြေချိန်ဆို ဆရာမဆူရင်တောင် ပြုံးဖြီးနေတဲ့ကောင်က အခုသူ့ဘာသာနေတဲ့နံရံကိုတောင် ဘာလို့သူ့ဘက်မျက်နှာမူနေလဲ ဆိုပြီး ဘောပင်နဲ့သွားခြစ်နေတာ

YOU = IWhere stories live. Discover now