XI. ( Zawgyi )

1.4K 122 5
                                    


"မင်းက ဘာလာလုပ်​တာလဲ"

ဝမ်​ရိ​ပေါ်ရဲ့အသံက တစ်​စက်​​လေးမှမနူးညံ့သလို မျက်​ခုံး​တွေကလည်းတွန့်​ချိုး​နေတယ်​။

"come on man, မင်းကြိုဆိုတဲ့ပုံကလည်း လုံးဝချစ်​စရာ​ကောင်းမ​နေဘူး​နော်​"

ပြီတီတီမျက်​နှာထားနဲ့ဂျွန်​က လက်​​ဂေ့ဂ်ျ​ကို ​နေရာချရင်း​ပြောတယ်​။

"ဒါ​ကြောင့်​ မင်းအခန်း​ဖော်​က ထွက်​​ပြေးတာ​နေမှာ"

"ထွက်​​ပြေးတယ်​?"

ရိ​ပေါ်​ခေါင်းနပန်းကြီးသွားတယ်​။ ​ရှောင်းကျန့်​ရဲ့လက်​​ဂေ့ဂ်ျ​ကိုကြည့်​​တော့လည်း မ​တွေ့။

သူခန​လေးပဲ ​အောက်​ထပ်​ဆင်းပြီး ည​နေစာမစားရေ​သးတဲ့ရှောင်းကျန့်​အတွက်​ စားစရာသွားဝယ်​တာကို ပြန်​လာ​တော့ ထွက်​​ပြေးသွားတယ်​?

ဘယ်​ကိုထွက်​​ပြေးတာလဲ?

မဟုတ်​မှ ဖ​လော်​ရီဒါပြန်​သွားတာလား?

သူ့​ကြောင့်​​လေ?

က​လေးဘဝကတည်းက ရိ​ပေါ်ရဲ့​နေ့ရက်​​တွေထဲက​နေ တစ်​စုံတစ်ေ​ယာက်​​ထွက်​သွားတာကို ကြုံခဲ့ဖူးပြီးပြီ။ အခုလည်းတစ်​စုံတစ်​​ယောက်​က ထွက်​​ပြေးသွားပြန်​ပြီ။

အဲ့ဒီတစ်​စုံတစ်​​ယောက်​ကလည်း ​ရှောင်းကျန့်​ဖြစ်​​နေတဲ့အခါ ရိ​ပေါ်ခံနိုင်​ရည်​မရှိ​တော့ဘူး။ ထပ်​ပြီး တစ်​​ယောက်​တည်းကျန်​​နေခဲ့ဦးမှာလားလို့​တွေးမိ​တော့ ရိ​ပေါ်နှလုံးသားတစ်​လုံး​ပျောက်​ကွယ်​သွားသလိုပဲ။ ရင်​ထဲမှာ ဟာလာဟင်းလင်းကြီးဖြစ်​လို့​နေတယ်​။

မရဘူး...ဒီတစ်​ကြိမ်​​တော့မရဘူး။ သူ​သေချာ​ပေါက်​ ​ရှောင်းကျန့်​ကို ဖမ်းဆုပ်​ထားမှာ။

"​ရှောင်းကျန့်​ ဘယ်မှာလဲ"

ရိ​ပေါ်က ဂျွန်​ရဲ့လက်​​ဂေ့ခ်ျ​ကိုဆွဲလုလို့ ​မေးလိုက်​တယ်​။

"​ရှောင်းကျန့်​?...အာ Seanလား...Seanရဲ့နာမည်​က..."

"ငါ စိတ်​မရှည်​ဘူး​နော်​ ဂျွန်​"

JUST ANOTHER BOY [ Completed ]Where stories live. Discover now