"မင်းက ဘာလာလုပ်တာလဲ"ဝမ်ရိပေါ်ရဲ့အသံက တစ်စက်လေးမှမနူးညံ့သလို မျက်ခုံးတွေကလည်းတွန့်ချိုးနေတယ်။
"come on man, မင်းကြိုဆိုတဲ့ပုံကလည်း လုံးဝချစ်စရာကောင်းမနေဘူးနော်"
ပြီတီတီမျက်နှာထားနဲ့ဂျွန်က လက်ဂေ့ဂျ်ကို နေရာချရင်းပြောတယ်။
"ဒါကြောင့် မင်းအခန်းဖော်က ထွက်ပြေးတာနေမှာ"
"ထွက်ပြေးတယ်?"
ရိပေါ်ခေါင်းနပန်းကြီးသွားတယ်။ ရှောင်းကျန့်ရဲ့လက်ဂေ့ဂျ်ကိုကြည့်တော့လည်း မတွေ့။
သူခနလေးပဲ အောက်ထပ်ဆင်းပြီး ညနေစာမစားရသေးတဲ့ရှောင်းကျန့်အတွက် စားစရာသွားဝယ်တာကို ပြန်လာတော့ ထွက်ပြေးသွားတယ်?
ဘယ်ကိုထွက်ပြေးတာလဲ?
မဟုတ်မှ ဖလော်ရီဒါပြန်သွားတာလား?
သူ့ကြောင့်လေ?
ကလေးဘဝကတည်းက ရိပေါ်ရဲ့နေ့ရက်တွေထဲကနေ တစ်စုံတစ်ယောက်ထွက်သွားတာကို ကြုံခဲ့ဖူးပြီးပြီ။ အခုလည်းတစ်စုံတစ်ယောက်က ထွက်ပြေးသွားပြန်ပြီ။
အဲ့ဒီတစ်စုံတစ်ယောက်ကလည်း ရှောင်းကျန့်ဖြစ်နေတဲ့အခါ ရိပေါ်ခံနိုင်ရည်မရှိတော့ဘူး။ ထပ်ပြီး တစ်ယောက်တည်းကျန်နေခဲ့ဦးမှာလားလို့တွေးမိတော့ ရိပေါ်နှလုံးသားတစ်လုံးပျောက်ကွယ်သွားသလိုပဲ။ ရင်ထဲမှာ ဟာလာဟင်းလင်းကြီးဖြစ်လို့နေတယ်။
မရဘူး...ဒီတစ်ကြိမ်တော့မရဘူး။ သူသေချာပေါက် ရှောင်းကျန့်ကို ဖမ်းဆုပ်ထားမှာ။
"ရှောင်းကျန့် ဘယ်မှာလဲ"
ရိပေါ်က ဂျွန်ရဲ့လက်ဂေ့ချ်ကိုဆွဲလုလို့ မေးလိုက်တယ်။
"ရှောင်းကျန့်?...အာ Seanလား...Seanရဲ့နာမည်က..."
"ငါ စိတ်မရှည်ဘူးနော် ဂျွန်"
ရိပေါ်က အံကြိတ်လို့ သတိပေးလာတော့ ဂျွန်က မျက်နှာပိုးသတ်လိုက်တယ်။
"ဟိုးထား ဟိုးထား...Seanက ငါ့အခန်း...."
"...."
"မှာ"
YOU ARE READING
JUST ANOTHER BOY [ Completed ]
Fiksi Penggemar[ BJYX Fanfiction ] . . . Jan 14 2021~ Oct 13 2021