7.

602 88 18
                                    

Unicode

စေ့စပ်ပွဲပြီးကတည်းက သူ့တွင် နားချိန်မရှိသေးပါ။အိမ်တော်နှစ်အိမ်ပေါင်းကာ ကျင်းပကြသည့် ပျော်ပွဲရွှင်ပွဲတို့သည်လည်းတစ်ဆက်တည်း။ကာယကံရှင်ဖြစ်သည့် သူနှင့်ယူဆောအာမှာတော့ စိတ်မပါသလိုပင်။

ယူဆောအာသည်လည်း သူနှင့်အနေနီးသွားလို့လား မသိ။နည်းနည်း အေးတိအေးစက်ဖြစ်သွားသလိုပင်။အရင်တုန်းက စကားတတွတ်တွတ်ပြောကာ သွက်သွက်လက်လက်ရှိသော ကလေးမလေးသည် ဘာတွေတွေးနေတတ်လဲမသိ၊တစ်ခါတစ်ရံ မျက်လုံးသေများဖြင့် ပတ်ဝန်းကျင်ကို ငေးနေတတ်သည်။

ဟိုဆော့နှင့်လည်း ကောင်းကောင်းစကားမပြောရတာကြာနေပြီဖြစ်သည်။ပွဲတစ်ခုခုတွင် ကြုံကြိုက်လို့ ဆုံဖြစ်ရင်တောင်မှ အချင်းချင်း ပြုံးပြမိတာပဲရှိ၏။

ရက်အနည်းငယ်အတွင်း အရာအားလုံးပြောင်းလဲသွားသည်မဟုတ်လား...။

သူဒီအခြေအနေကြီးကို တကယ်သဘောမကျပါ။ဂျောင်ဟိုဆော့မဟုတ်သည့် လူတစ်ယောက်နှင့် အမြဲတွဲမြင်နေရသည့် သူ့ကိုသူကိုလည်း ရွံရှာမိသည်။ဒါဆိုဟိုဆော့သည်ရော။သေချာပေါက် ဟိုဆော့သည်လည်း သဘောကျမည်မဟုတ်။ကိုယ့်ကိုမချစ်သည့်သူကို ပိုင်ဆိုင်ရန် ကြိုးစားနေသည့် ယူဆောအာကိုလည်း နားမလည်နိုင်။

ဘာလို့ သူတို့သုံးယောက်လုံး မပျော်ရသည့်ဘဝမှာ ခြေချုပ်ကျနေရသနည်း......။

ဖြေရှင်းနည်းတော့ သေချာပေါက် ရှိကိုရှိရမည်။

.....................................................................

"ဒီနေ့က နောက်ဆုံးညပဲနော်.. "

သူ့စကားအဆုံး လှည့်ကြည့်လာသည့် အရည်လဲ့နေသော မျက်ဝန်းတစ်စုံ။

"ငါတို့ တကယ်ပဲ ဒီလိုအဆုံးသတ်ရတော့မယ်ထင်တယ်"

စကားပြန်ရောက်မလာသည့်အတွက် သူကပဲ ဆက်ပြောလိုက်မိသည်။ဟိုဆော့ကတော့ သူ့ကိုပဲကြည့်လျက်။

သစ်ပင်အိုကြီးကတော့ သူတို့နှစ်ယောက်ကို အုပ်မိုးကာ ငုံကြည့်နေသလို။ဘေးဖက်ရှိ ရွှေအိုရောင် စပါးခင်းတို့ကလည်း လေပြေနှင့်အတူ ယိမ်းယိုင်လျက်။

𝚂𝚝𝚒𝚕𝚕Where stories live. Discover now