Part...12

716 105 7
                                    

For Unicode

ကျောင်းဖွင့်တာ ကြာလာတာနဲ့အမျှ Tae hyungနဲ့ Seok jinတို့သည် မိန်းကလေးတွေကြားထဲ ပိုပိုကာ နာမည်ကြီးလာကြသည်။

ဖော်ဖော်ရွေရွေနေတတ်တဲ့ Seok jinက လူတော်တော်များများနဲ့တည့်အောင် ပေါင်းတတ်တာကြောင့် မိန်းကလေးများသာမက ယောကျာ်းလေးများကပါ ချစ်ခင်ကြသည်။အပေါင်းအသင်းလည်းများပါသည်။
Tae Hyungကသာ ခပ်ချေချေပုံစံမလ်ို့ မိန်းကလေးတွေ အနားမကပ်ရဲကြပေမဲ့....Seok jinအနားမှာတော့ သဘောကျတဲ့ မိန်းကလေးတွေက အမြဲလိုလိုပင် တဝဲလည်လည်နဲ့ ရှိနေတတ်ကြသည်။

ဒါဆို Seok jinနဲ့ ဆန့်ကျင်ဘက်ဖြစ်သလို ဘယ်သူ့ကိုမှ အရေးတယူလုပ်ပြီး ဂရုစိုက်လေ့မရှိတဲ့ Tae hyungက ဘာ့ကြောင့်နာမည်ကြီးရပါသလဲ။

အဖြေကတော့ရှင်းပါတယ်။ဆန်းကျယ်တဲ့လူ့စိတ်က တစ်ခါတစ်လေကျ မရနိုင်တဲ့အရာကို ပိုပြီးတောင့်တတတ်ကြတယ်မလား။အဖက်မလုပ်တဲ့လူကို ပိုပြီးချစ်တတ်ကြတယ်မလား။မရနိုင်မှန်းသိသိရက်နဲ့ သဘောကျနေရှာတဲ့ ကောင်မလေးတစ်ချို့က ဉာဏ်ရည်မမှီတာလား ၊ ဇွဲ၊လုံ့လ၊ဝရိယ ကောင်းနေကြတာလားမပြောတတ်။ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေကြောင့် Tae Hyungက ဘာမှလုပ်ရဘဲ နေရင်းထိုင်ရင်း နာမည်ကြီးနေရသည်။

Tae hyungနဲ့ Seok jinဆိုရင် မသိတဲ့သူမရှိသလောက်ပင်ရှားပါသည်။
တစ်ပူးပူးတစ်တွဲတွဲ နေလေ့ရှိတဲ့ အကျင့်ကြောင့် Kim Seok jinဆိုလျှင် Kim Tae Hyungပါ ပြေးမြင်မိသလို Kim Tae Hyungဆ်ိုလျှင်လည်း Kim Seok Jin ကိုပါ ပြေးမြင်မိရလောက်အောင် အတွဲညီကာ နာမည်ကြီးကြပါသည်။

အကျင့်စရိုက်မတူတဲ့လူနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သလို Daeguမြို့ အထက်တန်းကျောင်းကြီးရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီနှစ်ခိုင်ဖြစ်နေသည်မှာ အနည်းငယ် အံ့ဩစရာတော့ကောင်းသည် မဟုတ်ပါလား။

_______________________________

Seok jinအနားကိုကပ်နေသည့် မိန်းကလေးတွေထဲတွင် Seok jinကိုသဘောကျကြသည့် မိန်းကလေးတွေအပြင် Tae hyungကိုသဘောကျကြသည့် မိန်းကလေးတွေလည်း အပါအဝင်ဖြစ်သည်။Tae hyungကို တိုက်ရိုက် ချည်းကပ်လို့မရမှန်းသိတာကြောင့် Tae hyungအရေးပေးတာခံရသည့် Seok jinကို ကပ်ဖားရပ်ဖားလုပ်ကာ Tae hyungဆီက မျက်နှာရရန်ကြိုးစားကြသည်။

ငယ်ချစ်ပုံပြင်(ငယ္ခ်စ္ပုံပြင်)(Completed)Where stories live. Discover now