Unicode
*vibrate* *vibrate* *vibrate*
မနက်စောစောစီးစီး ၀င်လာသည့် ဖုန်း vibration သံကြောင့် သူရိန် စိတ်ပျက်လက်ပျက် မျက်လုံးမဖွင့်ပဲ ဖုန်းလိုက်စမ်းနေမိသည်။ အိပ်ချင်နေသေးသည်ကြောင့်မကိုင်ပဲပစ်ထားပေမယ့် ဆက်တိုက်ကိုခေါ်နေ၏ စားပွဲပေါ်မှ နာရီကြည့်မိတော့ ၇ နာရီသာရှိသေး၏ ဘေးတွင် ဦးဝေ မရှိတော့။
မနက် ၄ နာရီ ဘုရားရှိခိုးဖို့နှိုးပြီး သူရိန် ဦးဝေနှင့်တူတူဘုရားရှိခိုးရသည်။ မနက်တိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်တတ်သည့်ဦးဝေက သူရိန်နှင့်တူတူဘုရားရှိခိုးပြီးလျှင် အားကစား၀တ်စုံတစ်စုံလဲ၍ လေ့ကျင့်ခန်းလုပ်ဖို့ထွက်သွားတတ်ပေမယ့် သူရိန်ကတော့ပြန်အိပ်၏ ကျောင်းဖွင့်ရက်တွေဆို ဦးဝေ လေ့ကျင့်ခန်းလုပ်ပြီးပြန်လာလျှင် သူရိန့်ကိုနှိုးတတ်သည်။ သို့သော် ယခုကဲ့သို့ weekends တွေဆို အရင်လိုမနှိုးတော့။တစ်ခါတစ်ရံ ညနက်ထိ project ထိုင်လုပ်နေရတတ်တာကြောင့် weekends တွေဆို ဦးဝေက ၉ နာရီလောက်ထိ အိပ်ခိုင်းတတ်သည်။ ထို့ကြောင့် ဒီနေ စနေနေ့ဖြစ်၍ သူရိန် မထ။ နိုးလည်း အိပ်ယာထဲလူး လှိမ့်နေတတ်သည်။ သို့သော် အခုတော့မထလို့မရတော့။ ဇွဲနိုင်ဆို သည့် contect နှင့် ၃ ခါမြောက်၀င် လာသည်မို့ထကိုင်ရသည်။
"Hello...."
*ဟေ့ကောင်....သူရိန် အဲ့လောက်ခေါ်နေတာ ဘာလို့မကိုင်လဲ*
"ဟာ.....ဘာလဲကွာ။ ငါအိပ်ရေးမ၀သေးဘူးကွ"
*ဘာလဲကွာလုပ်မနေနဲ့ မြန်မြန်ထပြီးလိုင်းတက်ကြည့်....ကှိုင်ဟ ဟေ့ကောင်*
"ဘာကှိုင်လဲ ကွာ မင်းတို့ကောင်တွေကလည်း မနက်စောစောစီးစီးကို"
*မင်းကွိုင်နော် မင်းရဲ့ကွိုင်အကြီးကြီး....မင်းဦးဝေကြီးမသိခင် ရှင်းရမှာဟ.....လိုင်းမြန်မြန်တက်ခဲ့*
မင်း ဦးဝေကြီးမသိခင်ဆိုသည့်စကားကြောင့် သူရိန် အိပ်ချင်စိတ်များပျောက်သွားရသည်။ ၀ရုန်းသုန်းကားနှင့် ငုတ်တုပ်ထထိုင်စဥ်းစားလိုက်သည်။ ဒီရက်ပိုင်းသူရိန်ဘာပြဿနာမှလည်း မရှာထားသလို ဘာအပြစ်မှလည်း မလုပ်ထားပါ။ ဖုန်းကောက်ဖွင့်သည့်အခါ တတောင်တောင် ၀င်လာသည့် noti များကအဆက်မပြတ်။ ဘယ်သူပို့ထားတာမှ၀င်မကြည့်ပဲ သူရိန်တို့သူငယ်ချင်း ၄ ယောက်တည်းသာ ရှိသည့် massanger group ထဲ၀င်၍ ဇွဲနိုင် ပို့ထားသည့် Link ထဲ တန်း၀င်တဲ့အခါ သူရိန် ဖုန်းပင်လွတ်ကျမတတ်လန့်သွားရသည်။ နည်းပညာတက္ကသိုလ် ကျောင်းသား/သူများ ဆိုသည့် facebook private group တစ်ခုထဲ ယွန်းနဒီဖူးနှင့် သူရိန် ၏ နှစ်ယောက်တွဲဓါတ်ပုံ....။ Last 6 hrs ago ဆိုသည့် အချိန်နှင့် အယောက် 20k ကျော်လောက်ပင်
ရှိသည့် group ဖြစ်တာကြောင့် စမြင်မြင်ချင်း သူရိန် ခေါင်းတွေပါမီးတောက်မတတ်ပင်။
ВЫ ЧИТАЕТЕ
သက်ဆိုင်သူ (Unicode+Zawgyi)
Художественная прозаpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။