"ရှောင် နိုးလာပြီလား"
"ပေါ်ပေါ်တောင်အဆင်သင့်ဖြစ်နေပြီ"
မနေ့ညကတစ်ညလုံးကဲထားတဲ့ အရှိန်ကြောင့် ခေါင်းမူးကာ လှေကားပေါ်ကဖြေးဖြေးချင်းဆင်းလာတဲ့ ရှောင်ကျန့်အား မေးလိုက်တယ်
"နိုးလာလို့ မင်းမြင်တာပေါ့ကွာ"
"မနိုးရင်မြင်မလား စကားမရှိစကားရှာလာပြောနေတယ်"
ဝမ်ရိပေါ်နားက ခုံကိုအားပါပါနဲ့ဆွဲကာ ဝင်ထိုင်ရင်းပြောလိုက်တယ်။ဝမ်ရိပေါ်လည်းခေါင်းငုံကာ ဆက်ပြီး ကော်ဖီသောက်နေတယ်
"ဟဲ့သားကလည်း ဧည့်သည်ကို"
"ရပါတယ် အန်တီရဲ့"
"ပန်းနုသွေးရိပေါ် ငါ့မားရှေ့ကို ငါကပဲမသိရင်"
ကော်ဖီသောက်ရင်းတီးတိုး ကိုယ့်ဘာသာကိုယ်ပြန်ပြောနေတယ်
"ဗျာ"
ရှောင်ကျန့်ဘက်ခေါင်းလေးစောင်းကာ ထူးလိုက်တယ်
"ဘာကိုလဲ"
ပါးစပ်ထဲကပလွတ်ပလောင်းနဲ့ ရိပေါ်ကိုပြန်မေးကာ ကော်ဖီခွက်အားအာက်ချလိုက်တယ်
"ဟမ်"
"ဘာ"
"မင်းဘာဖြစ်နာလဲ တစ်ဟမ်ဟမ်နဲ့ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"
တစ်သျှူးတစ်ရွက်ကို ယူကာပါးစပ်သုတ်ပြီးကားဆီထသွားတယ်
"သား သွားတော့မို့လား"
"ဟုတ်မား "
"ဒါဆို ရိပေါ်ကို"
"မခေါ်သွားဘူး မားရှုပ်တယ်"
ကားပေါ်ကနေလှမ်းအော်လိုက်တဲ့တွက် ရှောင်ကျန့်မားမားကားနားကိုပြေးလာလိုက်တယ်
"သားကလည်း သူကအခုမှ ကျောင်းစတက်မှာလေ သားကအကုန်လိုက်လုပ်ပေးရမှာကို လိမ္မာပါတယ်နော်"
ရှောင်ကျန့်ပါးကိုဆွဲဖိပြီးပြောလိုက်တဲ့တွက် သူလည်းမငြင်းသာတော့ပေ။မဲ့မဲ့ရှုပ်ရှုပ်နဲ့သာလက်ခံလိုက်တယ်
"အမေတို့ကလည်း အရမ်းပဲ တစ်ကုတင်တူတူအိပ်ရတယ် တူတူေကျာင်းသွားရတယ် သားပြီးတော့အကုန်လုပ်ပေးရအုံးမယ်"
YOU ARE READING
Smile Of Love
Romanceအဝလွန်နေတဲ့ ကောင်လေးဘဝထဲကို ချစ်ဖို့ကောင်းတဲ့ကောင်လေးဝင်ရောက်လာတဲ့အခါ ဘယ်လိုတွေဖြစ်မလဲ သူကရောပြောင်းလဲနိုင်ပါ့မလား။သူ့ပေါ်ကစာစခဲ့တဲ့လူကိုရော ကလဲ့စားချေပါ့မလား။ အနှောက်ယှက်တွေကြားကနေ သူတို့လက်တွဲနိုင်ပါ့မလား အမှန်တော့သာသာဘာရေးလည်းဆိုတာသာသာ နားမလည်ဘူး