My Only Girl....1
အထက်တန်းကျောင်းရဲ့ ပထမဆုံးနေ့လေးမှာ Lisa ဆိုတဲ့ကောင်မလေးတစ်ယောက် တက်ကြွနေသည်
School uniform လေးကို ဝတ်ပြီး မှန်ရှေ့မှာ ပိုစ့်အမျိုးမျိုးပေးရင်း ပဲများနေသည်
"Lisa ရေ....သွားမယ်ဟေ့
အိမ်ရှေ့မှ ငယ်သူငယ်ချင်းမလေး Momo ရဲ့အသံကြားတာနဲ့ အိမ်အပြင်ကို အပြေးလေးထွက်ကာ
"Ok let's go. မေကြီးရေ ဖေကြီးရေ သွားပြီနော်..
"အေးအေး ဂရုစိုက်သွားကြအုံး
ကျောင်းက အိမ်နဲ့ သိပ်မဝေးတာနဲ့ Momo နှင့်အတူ လမ်းလျှောက်ထွက်လာခဲ့သည် လမ်းလျှောက်ရင်း
"ဟဲ့ Momo ငါလှရဲ့လား
"အမလေး လှပါ့ ငါကော
"ငါ့လောက်မဟုတ်ပေမယ့် လှရှာပါတယ်နင်က
"Lisa အစုတ်ပလုတ်
"ဟီးဟီး
ဒီလိုနဲ့ တစ်လမ်းလုံးစနောက်ရင်း ပထမဆုံးအတန်းလေးအတွက် ရင်ခုန်စွာလျှောက်လာကြသည်
ကျောင်းရောက်တော့ Momo က အခန်းA ရပြီး Lisa က အခန်းB ရသည် Lisa တစ်ယောက်ငိုမဲ့မဲ့နဲ့ အခန်းထဲဝင်လာတော့ နောက်ဆုံးထောင့်ကျကျနေရာမှာ ထိုင်ကာ တစ်ယောက်တည်းကြောင်တောင်တောင်ဖြစ်နေသော ကောင်မလေးကိုတွေ့လိုက်သည် Lisa သူ့အနားသွားရန်ဆုံးဖြတ်လိုက်သည်
"Hey ငါက Lisa ပါ ဒီမှာ ထိုင်လို့ရတယ်မလား
အဲ့ကောင်မလေးဘေးကနေရာကို ထိုးပြကာ ဆိုလိုက်သည် ခေါင်းမော့လာသော ထိုကောင်မလေးကိုကြည့်ကာ Lisa အသက်ရူသံမြန်လာသလိုလို မောလာသလိုလို
"ဟုတ်ကဲ့ ရပါတယ်ရှင့်
ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့မျက်နှာပိုင်ရှင်သူမလေးက ဆံပင်အဝါရောင်လေးနှင့် လိုက်ဖက်နေ၍လားမသိ ပြုံးပြနေတဲ့ပုံလေးက တကယ်ကို မြင်တဲ့သူကို ရူးခါစေတယ်
"ဟိတ် Lisa ထိုင်လို့ရတယ်လို့
မတ်တပ်ရပ်ရင်း အသက်တဝက်ထွက်သွားတဲ့ Lisa ကို သူမရဲ့ ချိုမြလှတဲ့အသံလေးနဲ့ ပြန်ပြီး အသက်ဝင်စေခဲ့သည်
"ဟမ် အင်း ဒါဆိုထိုင်တော့မယ်လေ မင်းနာမည် မိတ်ဆက်အုံးလေ
💭မင်း Lisa နင် ဒီကောင်မလေးကို မင်းလို့ သုံးလိုက်မိတာလား အိုက်စ် Lisa Lisa နင်က တကယ့် tomboy လေးပဲ ဟိဟိ💭
"Chae နာမည်က park chaeyoung ပါ
💭Chae တဲ့လား My Chae မင်းလေးက ငါ့ကောင်မလေးဖြစ်ရင်ကောင်းမှာပဲ 💭
"ဒီနှစ်မှ ပြောင်းလာတာထင်တယ် အရင်က မတွေ့ဖူးဘူးနော်
"ဟုတ်တယ် Chae က တခြားကပြောင်းလာတာ
"သူငယ်ချင်းလုပ်ရအောင်
"ရှင်
"အော် သူငယ်ချင်းလုပ်ရအောင်လို့
"လုပ်မှာပေါ့ Lili နဲ့ Chae သူငယ်ချင်းလုပ်မှာပေါ့ Lili ကချစ်ဖို့ကောင်းတယ် သွက်သွက်လပ်လပ်နဲ့
"ဘယ်လို Lili ဟုတ်လား ပြီးတော့ ချစ်ဖို့ကောင်းတယ်ပေါ့ ဟုတ်လား
"ဒါပေါ့ Lisa ထက်စာရင် Lili ကခေါ်လို့ကောင်းမယ်ထင်လို့လေ ကြိုက်ရဲ့လား
"ကြိုက်တာပေါ့ Lili ကော Chae ကိုကော
"ဟမ်😳
💌Lisa Diary💌
ပထမဆုံး Chae နဲ့ စဆုံတဲ့နေ့လေးပေါ့ LGBT ကို သိရုံသိပြီး အပြင်မှာ မတွေ့ဖူးခဲ့တဲ့ ငါ့ရဲ့ ပထမဆုံး ရင်ခုန်သံကို လှုပ်နိုးခဲ့တာ ကောင်မလေးတစ်ယောက်တဲ့လား
YOU ARE READING
My Only Girl
Romanceသူမကို ငါချစ်ခဲ့တယ် ဒါကြောင့်သူမကို ထွက်မသွားဖို့ပြောခဲ့တယ် သူမနားမထောင်ဘူး သူမကိုတွေ့ရင် ငါအပိုင်သိမ်းပစ်မယ်.........