PART 16(Z+U)

1.7K 148 11
                                    

Zawgyi

"ပေတေတေသူဌေးလေးကို စိတ်ပူရခြင်းတွေက
ဆက်တိုက်ပါပဲ"

"ဘော့စ် နောက်ဆိုရင်အဲ့လိုမလုပ်ပါနဲ့ ကျွန်မကိုခေါ်ပါ... တစ်ယောက်တည်းဆုံးဖြတ်နိုင်တာသိပေမယ့် တစ်ယောက်တည်းမသွားပါနဲ့ "

ဒီညနေတော့ရှန်းနှင့်အလုပ်အတူတူဆင်းလာသည့် စံစံက ရှန်း၏ဘေးကနေလျှောက်ရင်း ရှန်းကို ဆူပူလိုက် ပူပူဆာဆာလုပ်လိုက်နှင့် တောက်လျှောက်တတွတ်တွတ်ပြောနေ၏။

ရှန်းမှာ နေ့လည်တုန်းက လုပ်ငန်းရှင်တစ်ယောက်နဲ့ သွားတွေ့ခဲ့သည်။ အဲ့အချိန်တုန်းက စံစံက ရိုက်ကူးရေးဘက်မှာသွားစစ်နေခဲ့ရသည်မို့ ရှန်းကမခေါ်သွားဖြစ်ခဲ့။ ဒါကို သူများချိန်းတဲ့နေရာကိုတစ်ယောက်တည်းသွားရကောင်းလား၊ သူ့ကိုမခေါ်ရကောင်းလား၊ ဘာတွေသတိထားရမှာ ဆိုပြီးပြောနေသည်မှာ မနားစတမ်း။

စံစံက အလုပ်ချိန်နှင့်အများရှေ့တွင် ပိုပိုလိုလိုမပြောပေမယ့် အလုပ်ချိန်ပြီးရင်တော့ အတွင်းရေးမှူးမဟုတ်တော့ဘဲ မောင်ဖြစ်သူကို သင်ပြပြောပြတတ်သည့် အစ်မကြီးတစ်ယောက်အလား ပြောင်းလို့သွားတတ်၏။

"စံစံ မမောဘူးလား... အခုလည်းဘာမှမဖြစ်ဘူးလေ"

ရှန်းကလျှောက်နေရာကနေ ခဏရပ်လိုက်ပြီး စံစံကိုပြောလာ၏။

"စီးပွားရေးသမားတွေက ဥာဏ်များတဲ့လူတွေချည်းပဲ...ဘော့စ် စီးပွားရေးမှာဥာဏ်ပြေးသလို ကိုယ့်အတွက်လည်းသတိမူပါဦး"

"ဟုတ်ပါပြီ... နောက်ဆိုခေါ်မယ်"

စံစံက တကယ်စိုးရိမ်ပေးသည့်ပုံနှင့်ဆိုလာတော့ ရှန်းမှာကတိပေးလိုက်ရတော့၏။

စံစံက အတွင်းရေးမှူးအနေနဲ့ အလုပ်အတွက်တာဝန်ကျေသလို ရှန်းအကြောင်းနောကျေနေပြီဖြစ်သည့်အတွက်လည်း အစ်မတစ်ယောက်လို သူ့ကိုပူပန်ပေးတတ်သည်။ ထိန်းပေးတတ်သည်။ စံစံလိုအတွင်းရေးမှူးမျိုးရှိနေသည်မှာ ရှန်းအတွက် အစ်မအရင်းတစ်ယောက်ရှိနေသလိုပင်။

"My Only One" ✔️Donde viven las historias. Descúbrelo ahora