လှပတဲ့မနက်ခင်းတစ်ခု...။နွေးထွေးလှတဲ့နေရောင်ခြည် လင်းလင်းလေးက အခန်းဖြူဖြူလေးတစ်ခုထဲသို့ ဖြာကျနေသည်....။ခပ်စူးစူးအလင်းရောင်ကြောင့် Seokjinမျက်လုံးတို့ကျိန်းစပ်လာသည်...။မျက်စိကို အသာဖွင့်လို့ နေရောက်လာရာပြတင်းပေါက်ကို ဘုကြည့်ကြည့်ပေးလိုက်သည်...။မကြောက်မလန့်ငါအိပ်နေတာကို နိုးအောင်လုပ်ရဲတာ ဘယ်သူ့အားကိုးနဲ့လဲ...။
စိတ်ဆိုးဆိုးနဲ့ ကုန်းရုန်းထဖို့ပြင်တော့ ညာဖက်လက်တစ်ဖက်က အားနဲ့တက်ဖိခံထားရတယ်....။ဘေးနားကိုစောင်းငဲ့ကြည့်လိုက်တော့ အိပ်မောကျနေဆဲဖြစ်တဲ့ ကြက်ပိစိ...။အဖိခံထားရတာမို့ ဖောင်းထွက်နေတဲ့ပါးလေးတစ်ဖက်ကို အသာလေးညစ်ဆွဲလို့ ကျီစယ်လိုက်တယ်...။အိပ်မောကျနေပုံရတဲ့ ကြက်ပိစိကတော့ နည်းနည်းလေးတောင်မလှုပ်...။အခြေအနေကောင်းတာမို့ ပိုပိုသာသာလေးအသားယူကာ ပါးတစ်ဖက်ကို နှာဖျားလေးနစ်ဝင်သည်အထိ ဖိကပ်နမ်းပစ်လိုက်သည်...။
အင်း၊အဲ လုပ်ကာတစ်ဖက်လှည့်သွားတဲ့ ကြက်ပိစိကိုသဘောတကျ ရယ်ရင်းခေါင်းလုံးလုံးလေးကိုအသာမလို့ခေါင်းအုံးပေါ်တင်ပေးလိုက်သည်...။သူကတော့ ကုတင်ပေါ်ကနေဆင်းပြီး ပြတင်းပေါက်ကို လိုက်ကာဆွဲပိတ်ရန်ပြင်သည်...။နေရောင်ကို စူးစိုက်ကြည့်လို့ ကြုံးဝါးဖို့လည်းမမေ့...။
"Jiminieကိုပါနိုးအောင်လုပ်ရင် မင်းကိုငါ့ချောမောမှုတွေနဲ့ သတ်ပစ်ပလိုက်မယ်..သတိထားနေ"
ရန်လိုမှုအပြည့်နဲ့ ကြုံးဝါးလို့ လိုက်ကာစကိုဆွဲပိတ်ပစ်လိုက်သည်...။အဲကွန်းလေး အနည်းငယ်တင်လို့အဆင်ပြေတော့ ကုတင်ပေါ်က ကြက်ပိစိ ကိုစောင်လေးထဲ သေချာပြန်လည်ထုပ်ပိုးလိုက်သည်...။သူကတော့ မျက်နှာသစ်ရန်သာပြင်လိုက်သည်...။နိုးနေပြီဆိုတော့ ထပ်အိပ်ဖို့မကြိုးစားတော့ပါဘူးလေ...။
......................
ချမ်းစိမ့်မှုက ထပ်အိပ်ရန်တောင်းဆိုနေသလောက် အသက်ရှုရခပ်လောက်သည့်အနေအထားဖြစ်နေသည့်Jiminမှာ စောင်ပုံလေးထဲကနေ မျက်လုံးလေးတစ်ဖက်ဖွင့်လို့ပတ်ဝန်းကျင်ကို လေ့လာသည်...။အမှောင်ချခံထားရတဲ့အခန်းနဲ့ အနေတော်လောက်ကျသည့် အခန်းတွင်းအေးမြမှု..။ပိုးတုံးလုံးတွေလိပ်ပြာဖြစ်ဖို့ကြိုးစားချိန်လို သူ့မှာ စောင်ပုံထဲလုံးနေအောင် အလုံထုပ်ခံထားရသည်...။ဒါနှစ်ယောက်မရှိတဲ့ Kim Seokjinကြီးလက်ချက်ပဲ...။