ဒီနေ့က ကျောင်းစတက်ရမယ့်နေဆိုတော့ ခါတိုင်းထက်အစောထပြီး ပြင်ဆင်နေခဲ့တယ်....ကျောင်းသွားဖို့အတွက် အိမ်ရှေ့ထွက်လာတော့ ခြံရှေ့မှာ ကားတစ်စီးရပ်ထားတာတွေ့လို့ ခပ်သုတ်သုတ်ဘဲထွက်လာခဲ့လိုက်တယ်....
"ဘယ်သူများလည်းလို့ ကောဘဲ...."
"ဟုတ်တယ် ရိပေါ်...ကော မင်းကိုစောင့်နေတာ"
"ကျွန်တော့်ကို...ဟုတ်လားကော"
တစ်ကယ်ကိုစိတ်ထဲကကျေးဇူးတင်မိတယ်...အခုမှ ပေကျင်းကိုပြန်ရောက်ပြီး တက္ကသိုလ်တက်ရမည့်ကျွန်တော့်အတွက် လမ်းတွေက အခက်အခဲဖြစ်စေသလို...ကျောင်းဝန်းကလည်း ကျွန်တော်နှင့်အမှန်ပင် စိမ်းနေမည် ဖြစ်သည်.... ဟိုနေ့က ကောကကျောင်းအတူသွားဖို့ခေါ်ပင်မည့် မာနကိုရှေ့ထားပြီး ငြင်းလိုက်မိ၍ အမှန်ပင်နောင်တရခဲ့သေးသည်.....အခု ကောကထပ်ခေါ်တော့ ကျွန်တော်မှာငြင်းနိုင်စွမ်းအမှန်ပင် မရှိတော့.....
"အင်း...ဟုတ်တယ် ရိပေါ်ကအခုမှ စတက်ရမှာဆိုတော့ အခန်းရှာတာ ခက်မှာစိုးလို့ ကောလိုက်ပို့ပေးမယ်နော်...."
"ဟုတ် ကျေးဇူးတင်ပါတယ်ကော..."
"အင်း တက်လေ..."
"ဟုတ်ကဲ့...."
ကားလေးကတစ်ဖြည်းဖြည်းကျောင်းကို ဉီးတည်၍မောင်းထွက်လာခဲ့သည်...
"ရိပေါ်...မနက်စာစားခဲ့လား..."
"ဟုတ်...စားပြီးပြီကော"
"အင်းပါ.."
အဖြူရောင်ကားလေးတစ်စီး ကျောင်းဝန်းထဲသို့ရောက်ခဲ့လေပြီ....ရှောင်ကျန့်လည်း ရိပေါ်ကိုခေါ်ပြီ စီးပွားရေးအထူးပြုမေဂျာဖက်သို့ လှမ်းလာခဲ့သည်...ရှောင်ကျန့်တို့မေဂျာနဲ့ ရိပေါ်တို့မေဂျာဆို အလယ်မှာ ကားပါကင်တစ်ခုသာခြားသည်...
လေးထက်တိုက် အဆောက်အဉီးမြင့်တစ်ခုဖြစ်၍ ရိပေါ်တို့ ပထမနှစ်များသည် တတိယထပ်တွင်ဖြစ်သည်....ရှောင်ကျန့်လည်း ရိပေါ်ကို အခန်းရှာပေးပြီ သူလည်း သူ့ဌာနရှိရာသို့ ပြန်လည် လျှောက်လာခဲ့သည်....
လမ်းလျှောက်နေသော တစ်လှမ်းလုံး ရိပေါ်ပြောလိုက်သော "ကော...ကျေးဇူးဘဲနော် "ဆိုကာ မိမိကိုပြုံးပြသွားသည့် ကောင်လေးကို ရှောင်ကျန့်သဘောကျမိသည်....ရှောင်ကျန့်စိတ်ထဲ အမျိုးအမည်မသိသောခံစားချက်လေးက တိုးဝင်လာခဲ့လေပြီ...
YOU ARE READING
Infinity...(Complete)
Hayran Kurguသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)