Part - 12(Z/U)

368 22 3
                                    


Zawgyi

တဖက်က ၀မ်နင်မှာလဲ ကျန်းချန်ဆီ ဖုန်းဆက်ရသည်။

တူ တူ တူ တူ တူ📲

ကျန်းချန် - Hello

ဝမ်နင် - အေး ကျန်းချန် ကျန့်လေး သတိရလာပြီကွ

ကျန်းချန် - ဘာ! တ တကယ် ပြောတာလား
အ့ဆို မင်းတို့ မြန်မြန်ပြန်လာခဲ့တော့လေ

ဝမ်နင် - ဟ ကျန့်လေးက ခုနကမှ သတိရတာလေ နဲနဲကြာဦးမှာ ပြီးတော့ ဒီမှာ ကောင်လေးတယောက်ကို ချစ်မိသွားလို့ကွ သူ့ဘက်ကလဲ ခံစားချက်နဲနဲရှိလာပြီထင်တယ် အဲ့တာ ငါတို့ချစ်သူဖြစ်သွားမှ ပြန်လာမလို့ကွ

ကျန်းချန် - ဘာ!!!

ဝမ်နင် - အမလေး ဖြည်းဖြည်းအော်ပါ ကျန်းချန်ရာ ငါနားမကန်းသေးပါဘူး ပြီးတော့ ငါ့ဟာက မင်းထက်ကြီးတယ်နော်

ကျန်းချန် - ဘာ ဘာကြီးတာလဲ😫

ဝမ်နင် - အသက်ကို ပြောတာ အသက် အသက်

ကျန်းချန် - အေး ထားပါတော့ ဒါမဲ့ မင်းဖွန်ကြောင်ဖို့အတွက်နဲ့ ငါက ကျန့်ကျန့်နဲ့ မတွေ့ရသေးတာတော့ မဟုတ်သေးဘူးလေ

ဝမ်နင် - ဟျောင့် ငါက ဖွန်ကြောင်တာမဟုတ်ဘူးကွ သူတယောက်ထဲကိုဘဲ ချစ်တာ မြတ်နိုးတာကွ
အေးလေ မင်းလို fa ကောင်က ဘယ်သိပါ့မလဲလေ😏

ကျန်းချန် - မင်း! မင်းလဲ fa ဘဲလေ ဘာတွေလာနှိမ်နေတာလဲ တူတူဘဲကို

ဝမ်နင် - အို ဘာဘဲဖြစ်ဖြစ် ငါက အဆင့်တက်လာပြီကွ မင်းမှာတော့ ကြိုက်စရာလူတောင်မရှိသေးဘူးလေ အဟန့်😏

ကျန်းချန် - ဒီမှာ ငါက ကြိုက်စရာလူမရှိတာမဟုတ်ဘူး အပူမရှာချင်လို့ကွ ရှုပ်ရှုပ်ရှက်ရှက်

ဝမ်နင် - ဟက် ထားပါတော့ အဲ့ဆို ဒါဘဲနော်

ကျန်းချန် - အာ နေဦး နေဦး

ဝမ်နင် - ဘာလဲ

ကျန်းချန် - မင်းတို့က ပြန်မလာသေးဘူး ကြာဦးမှာဆို ငါ ကျန့်ကျန့်ကို လွမ်းလှပြီကွ အဲ့ကြောင့် ငါလာခဲ့မယ်လေ မင်းတို့ လာကြိုလေ

ဝမ်နင် - အင်း ငါတို့ လမ်းမကြီးကို လာစောင့်မယ် မင်းက ဘယ်နေ့လာမှာလဲ

ကံကြမ္မာဇာတ်ညွှန်း(complete)Where stories live. Discover now