Unicode
"မင်းတို့နှစ်ကောင် ဘာဖြစ်ထားကြတာလဲ?"
"ဘာကိုလဲ Uncle?"
ဦးလေး joon ကသူတို့ရဲ့အခြေအနေကိုအကဲခတ်နေဟန် jungguk ကတော့ဘာကိုမှဂရုမစိုက်စွာအမေးလေးထပ်ထုတ်လေလျှင်...Taehyung စတော်ဘယ်ရီခွက်အားမော့သောက်ကာ jungguk ရဲ့အပြုအမူကိုစောင့်ကြည့်လိုက်သည်...ဟုတ်တယ်လေ jungguk ကသူ့ရဲ့ဟိုဟာလေးကိုပါ မြင်ချင်မြင်ပြီးလှောင်နေရင်ဘယ်လိုလုပ်မလဲ..ဒီတော့အခြေအနေလေးကြည့်ရတာပေါ့...အခုလိုဘာမှမပြောပုံထောက် မမြင်လိုက်ပုံပဲ...
"အဟမ်း!ဟို Uncle ကျွန်တော်တို့ဘာမှမဖြစ်ထားပါဘူး"
မနေနိုင်တဲ့ taehyung ဝင်ပြောမှသာ ဦးလေး Joonကခေါင်းလေးတငြိမ့်ငြိမ့်လုပ်လာသည်...
"အေးအေးပြီးတာပဲ ငါလည်းအဲ့တာပဲကြားချင်တာ"
ပြောပြီးသည်နဲ့ထကာ အလုပ်သွားဖို့ပြင်နေတဲ့ ဦးလေး joon ကြောင့် သူတို့လည်းကျောင်းသွားရန်မြန်မြန်ပြင်ဆင်လိုက်ကြတော့သည်...
"Jiminie!"
ကျောင်းပေါက်ဝမှာ တွေ့လိုက်ရတဲ့ ရင်းနှီးတဲ့ကျောပြင်လေးကြောင့် သူလှမ်းခေါ်လိုက်တော့ ကြောင်တောင်တောင်လေးပြန်လှည့်ကြည့်လာသည်...
'အမလေး ချစ်စရာကောင်းနေပြန်ပြီ ခခ်ခခ်!'
"ခခ်ခခ်!"
Taehyung ကဲ့တခခ်ခခ်ရယ်သံကြောင့် jungguk မျက်မှောင်ကြီးက ကျုံ့သထက်ကျုံ့လို့လာသည်...
"ဘာတွေကအဲ့လောက်ဝမ်းသာစရာကောင်းလို့ ရယ်နေတာလဲ"
"ဟမ်?ငါရယ်မိသွားတာလား"
"......"
"ဟားဟား မင်းကလည်းကွာ မနက်ခင်းလေးကို ပျော်ပျော်ရွင်ရွင်ဖြစ်မနေလို့ ဆူပုတ်နေရအောင် ငါကမင်းလို ဖင်မဲကြီးမှမဟုတ်တာ"
သူ့စကားကြောင့် jungguk ကရူးရူးရှားရှားဖြစ်လာလျှင် Taehyung အမြန်ပြေးထွက်လာတော့သည်...မဟုတ်ရင် jungguk လက်စာသူမိတော့မည်လေ...
ပျင်းစရာကောင်းသောစာသင်ချိန်ရဲ့ပထမဆုံးအချိန်ဟာ တဟွားဟွားသန်းရင်းပြီးဆုံးသွားခဲ့သလို ဒုတိယအချိန်ကလည်း ဗိုက်ထပ်ဆာလာသောဒဏ်ကြောင့် စာကိုအာရုံသေချာမစိုက်နိုင်ဘဲ အားလပ်ချိန်ကိုသာတမျော်မျော်ကြည့်ရင်းပြီးဆုံးသွားရပြန်သည်....
VOCÊ ESTÁ LENDO
Be Friend And More...(Complete )
FanficUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...