Unicode
အေးစက်မှောင်မိုက်နေတဲ့ အခန်းလေးမှာ
သက်ဝင်လှုပ်ရှားမူမရှိဘဲ ငြိမ်သက်နေသည်။"ကျွတ်စ်.."
စိတ်ပျက်နေတဲ့ အသံတစ်ခုထွက်ပေါ်လာမှ
အခန်းတွင်း လူရှိနေမှန်း သိလိုက်ရသည်။
စေညွှန် ဖုန်းကိုကြည့်နေရင်း ဆုံးဖြတ်ရ
ခက်နေသည်။ဖုန်းဆက်လိုက်ရမလား..
မဟုတ်သေးဘူး၊လိုက်သွားရင်ရော.."ဟင်း.."
ညို့သခင်ရဲ့ဘ၀မှာ လူတစ်ယောက်ကြောင့်
တွေဝေရသည်မှာ ပထမဆုံးပင်။
သူ့အတွက်အရာအားလုံးက တွေဝေစရာ
မလိုအောင် ရရှိနေပြီဖြစ်သည်။နောက်ဆုံးတော့ ကားကိုထုတ်ကာ တစ်ခါ
အမှတ်ရဖူးတဲ့ လိပ်စာလေးဆီကို ဦးတည်
လိုက်သည်။တစ်ယောက်သောသူစိတ်မဆိုးဖို့တော့
မျှော်လင့်မိသည်..
.
.
."စေညွှန်.."
သခင် ကားနားမှာရပ်ရင်း စေညွှန်ကို လှမ်းခေါ်
လိုက်သည်။
ညရဲ့မီးရောင်တွေက သခင်ရဲ့မျက်နှာမှာ
ထင်ဟပ်နေသည်။"ဘာလို့စောင့်နေတာလဲ၊ငါသာဆင်းမလာရင်
ဘယ်လိုလုပ်မလဲ""မင်းလာမယ်ဆိုတာကိုယ်သိတယ်"
"အထင်ကြီးမနေနဲ့"
ဆောင်းတွင်းရဲ့လေငွေ့ကြောင့် သခင်ရဲ့
မျက်နှာမှာအနည်းငယ် အေးစက်ကာ
နီရဲနေခဲ့သည်။စေညွှန် ယူလာတဲ့လည်စင်းကို သခင့်ဆီကို
ကမ်းပေးလိုက်သည်။ညခုနှစ်နာရီကတည်းက အိမ်ရှေ့မှာစောင့်နေသည်ဟုဆိုကာ ပြန်မသွားပဲ ရပ်စောင့်နေသည့်လူကို ထွက်မတွေ့ရင် စေညွှန် နှလုံးသားမဲ့ရာ
ကျသည်။ပြီးတော့ ထိုလူကသူ့ရဲ့ သူငယ်ချင်း
တစ်ဝက် ဖြစ်နေသည်လေ။"စောင့်နေမယ်ဆိုလည်းကားထဲဝင်နေလေ"
"မင်းမတွေ့မှာစိုးလို့"
"ရူးနေပြီပဲ၊ညရောက်ပြီလေ မင်းဒီမှာ
စောင့်နေတာအိမ်ကသိသွားမှာရော""တောင်းပန်ပါတယ်၊ကိုယ်မစဉ်းစားမိလိုက်ဘူး"
"မင်းမစဉ်းစား.."
VOUS LISEZ
Roman d'amourUnicode ကျွန်တော်က အနောက်က လိုက်ရတာထက် ဘေးချင်းယှဉ်ရပ်နိုင်တာကိုပဲ လိုချင်တာ အမိန့်ရာ ကိုယ်တစ်ယောက်လုံး မင်းဘေးရပ်နေတာ နဲ့တင် မလုံလောက်ဘူးလားbaby မင်းမာန်ခစား Zawgyi ကြၽန္ေတာ္က အေနာက္က လုိက...