Part 20

548 29 0
                                    

Jungkook အလုပ်လုပ်ပီး ပြန်လာတော့ ပုံမှန်အိမ်ရှေ့ဟွန်းတစ်ချက်တီးလျှင်ကို ကပျာကယာတံခါးလာဖွင့်ပေးတဲ့ ခြံစောင့်ကြီးက တံခါးတောင်လာမဖွင့်ပေးလို့ ကိုယ်တိုင်ဆင်းဖွင့်ခဲ့ရသည်....ဒေါသတို့က ဂိတ်ဆုံးထိ ရောက်နေပီ...ခြံထဲဆက်ဝင်လာတော့ တစ်အိမ်လုံး ညည်းညူသံတွေနဲ့ ဆူညံနေတာကြောင့် အန္တရာယ်တစ်ခုခုဖြစ်ပီဆိုတာ သိလိုက်တာနဲ့ ကလေးရှိရာ အမြန်ပြေးမိသည်...

ကုတင်လေးပေါ်မှာ အသက်ရှူတွေကျပ်ပီး လူးလှိမ့်နေသော ကလေးလေးတွေကို မြင်လိုက်ရတာ ကိုယ်တိုင်အသက်ရှူရပ်မတတ်...ရင်ခုန်သံတွေက ဒီကလေးလေးနဲ့မှ စတင်ဖြစ်တည်လာသလို ဒီကလေးလေးမရှိလို့ မဖြစ်...ကိုယ့်အတွက် အစားထိုးမရတဲ့ အရမ်းချစ်ရတဲ့သူလေးကို ဆုံးရှုံးလို့မဖြစ်...

" ကလေး...ကိုကိုလာပီ....ကိုကိုရှိတယ်နော်...Danielကို ခေါ်ကြစမ်းမြန်မြန်....ကလေး...တောက်...ငါ့ကလေးလေးကိုမှ လုပ်ရက်ကြတာကွာ...သတ်ပစ်မှာ ကိုကိုအားလုံးကို သတ်ပစ်မှာ....ကလေးရယ်...လုပ်ရက်လိုက်ကြတာကွာ...😭😭..."

" ကို...ကို....ကလေး..အရမ်းမောတယ်...ကိုကို့လက်ပေါ်မှာပဲ သေချင်တဲ့ ကလေး...ဆုတောင်းပြည့်ပီထင်တယ်...မောလိုက်တာကိုကိုရယ်..."

အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက် တင်းကျပ်စွာဖက်တွယ်ထားရင်း ငိုနေကြသည်...ထိုစဉ်မျက်လုံးထဲ ဝင်လာသည်က ဆရာပေးခဲ့သော ကြွေပုလင်းလေး...နောက်ဆုံးဖြေဆယ်ရာအနေနဲ့ ကလေးကို အဖုံးဖွင့်ပီး တစ်ဝက်ကျော်ကျော်ထိ တိုက်လိုက်သည်....

လူကပျာယာခတ်နေပီ...ဆေးရုံတစ်ခုခုသွားခဲ့လို့ ကလေးကိုပိုင်ရှင်ကောင် တွေ့သွားလို့ ပြန်ခေါ်ခံရမှာလဲ သိပ်ကြောက်သည်...ကံဆိုးလျှင် သူကိုယ်တိုင်ပါ အဖမ်းခံရနိုင်သည်....Daniel လာဖို့ကလဲ နာရီဝက်လောက်လိုသေးသည်...ကလေးမျက်နှာကလဲ ဖြူဖျော့နေပီ....ဖြစ်ချင်ရာဖြစ် ဆေးရုံပို့ဖို့ ပွေ့ချီလိုက်တော့ တဟွတ်ဟွတ်ချောင်းတွေဆိုးပီး သွေးတွေပါ အန်ချလာသည်....

" ကလေး....မဖြစ်ဘူး...လာဆေးရုံသွားကြမယ်..."

မျက်နှာလေးက အန်လိုက်တဲ့အရှိန်ကြောင့် သွေးရောင်လွှမ်းသွားမှ Jungkook နေသာတော့သည်....ဆေးရုံသွားဖို့ ပိုက်ဆံတွေထည့်နေတော့ ဖြူဖျော့ဖျော့လက်ကလေးက သူ့လက်ကိုအတင်းဆွဲထားပီး...

✨ Butterfly Fly Away ✨Where stories live. Discover now