part 31

1.2K 59 0
                                    

Unicode

သံသာ တိုက်ခန်းပေါ်မတက်မီ တိုက်ခန်းကိုမော့ကြည့်ရင်း ချီတုံချတုံဖြစ်နေသည်

သံသာ ဒီကိုမလာဖြစ်သည်မှာ အတော်ကိုကြာခဲ့ပါပီ

ယခုလည်းစာမေးပွဲဖြေရန် တစ်ပတ်သာလိုတော့သဖြင့် လိုအပ်သည့်အရာတစ်ချို့ကိုယူရန် လာခဲ့ခြင်းဖြစ်သည်

စာမေးပွဲပီးရင် ဒယ်ဒီက သူတို့ဆီအလည်လာရန်ခေါ်ထားသဖြင့် ဤအခန်းကိုပါ တစ်ခါတည်းရှင်းလင်းခဲ့ရန် လာခဲ့ခြင်းဖြစ်သည်

'' အကိုနဲ့မတွေ့လောက်ပါဘူး '' လို့တွေးပီး တိုက်ခန်းဆီ တက်သွားလိုက်သည်

အခန်းထဲရောက်တော့ ရှင်းလင်းရမည်ထက် တစ်နေကုန်ပင်ပန်းလာတာကြောင့် ရေမိုးချိုးကာ အိပ်ရန်ပြင်လိုက်သည်

ရေချိုးခန်းထဲက ထွက်လာပီး kitchen ထဲကို ဝင်ကာ ရေတစ်ခွက်သောက်သည်

ပီးမှ ပတ်ထားသော သဘက်ကိုခွာကာ boxer တစ်ထည်တည်းဖြင့် အိပ်ယာထဲသို့ပစ်ဝင်လိုက်သည်

ကျကျနနအိပ်တော့မည်ပုံချကာ စောင်ကိုဆွဲခြုံလိုက်သည်

ထို့နောက် စောင်အောက်တွင် ရောက်နေဟန်ရှိသော ဖက်လုံးလေးကို ဆွဲဖက်လိုက်ရာ ဖက်လုံးလေးမဟုတ်ဘဲ လူတစ်ယောက်သာ သံသာ့ရင်ခွင်ထဲရောက်လာသည်

မသေချာမှာစိုး၍ သံသာအကြိမ်ကြိမ်စမ်းကြည့်လိုက်သေးသည်

သေချာပါတယ် ခေါင်းရယ် နားရွက်ရယ် ပုခုံးရယ်

စိတ်ကြိုက်အကြိမ်ကြိမ်စမ်းပီး နောက်ဆုံးစောင်ကိုဖွင့်ကြည့်လိုက်ကာမှ ပြူးကြောင်ကြောင်မျက်လုံးတစ်စုံဖြင့် သံသာ့ကိုစိုက်ကြည့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်

သံသာလန့်ဖျန့်ပီး ဖက်ထားရာမှလွှတ်ကာ နောက်ဆုတ်ရင်းဖြင့် ကုတင်ပေါ်ကပါ ပြုတ်ကျသည်

ပီးတော့ နှစ်ယောက်လုံးဆီက တစ်ပြိုင်တည်း

'' မင်း ဘယ်သူလဲ ငါ့အခန်းထဲမှာ ဘာလာလုပ်နေတာလဲ ''

'' ဘယ်လို မင်းအခန်းဟုတ်လား ဒါငါ့အခန်း ''

ထိုစကားကလည်း တစ်ပြိုင်တည်း ထွက်လာပြန်သည်

သော ( completed)Donde viven las historias. Descúbrelo ahora