(Unicode)
မွေးမြူရေးပန်းခြံထဲကိုရောက်ရောက်ချင်းမှာပဲ ပျောက်ချင်းမလှပျောက်သွားတဲ့ Kim Jonginနဲ့Oh Sehunကြောင့် ကျန်ခဲ့တဲ့လူတွေက ဘာလုပ်ရမလဲမသိပဲ ကြောင်တောင်တောင်တွေဖြစ်ကုန်တယ်။
"သူတို့က ဘယ်ရောက်သွားကြတာလဲ...ငါတို့လိုက်ရှာကြမလား"
Baekhyunရဲ့အမေးကြောင့် Jongdaeနဲ့Minseokက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ဒီလိုခရီးစဉ်မျိုးက သေချာပေါက် ချစ်ကြည်နူးရမယ့်ခရီးစဉ်မို့ အလဟဿတော့ အဖြစ်မခံနိုင်ပါ။ဟိုနှစ်ယောက်ကိုလိုက်ရှာမယ့်အစား ချောင်တစ်နေရာရာသွားပြီးပဲ ချိန်းတွေ့နေတော့မှာပေါ့။
"ငါတို့ကတော့မရှာတော့ဘူး အချိန်ပုပ်တယ်...မင်းရှာချင်သွားရှာလေ.... မင်ဆော့ကီကတော့ ကိုယ်နဲ့လိုက်ခဲ့နော်"
Jongdaeက ချက်ချင်းပဲ Minseokလက်ကိုဆွဲရင်းထွက်သွားတာမို့ ကျန်နေခဲ့တဲ့Baekhyunက မလှုပ်မယှက်နဲ့စက္ကန့်ပိုင်းလောက်ရပ်နေပြီးမှ ဟိုးအနောက်မှာကျန်ခဲ့တဲ့ Chanyeolကိုလှည့်ကြည့်လိုက်တယ်။
သူများတွေလိုမျိုး ပလူးပလဲလုပ်ဖို့ရာအတွက် သူ့စိတ်အခြေအနေက ကောင်းမနေဘူး။လောလောလတ်လတ် ရန်ဖြစ်ထားတဲ့အခြေအနေမို့ Chanyeolနဲ့လျှောက်လည်မဲ့အစား တစ်ယောက်တည်းအထီးကျန်ဖို့ကိုပဲ Baekhyunရွေးလိုက်ပြီး ခပ်လှမ်းလှမ်းက ကြက်ခြံဆီလျှောက်သွားလိုက်တယ်။
Chanyeolကလည်း ဟိုကြည့်ဒီကြည့်နဲ့ အနောက်ကလိုက်လာပြီးမှ အကုန်လုံးက တစ်ယောက်တစ်နေရာဆီကွဲနေကြတာမို့ ဘယ်ဆက်သွားလို့သွားရမလဲမသိပဲ လမ်းလယ်ခေါင်မှာ ရပ်တန့်သွားတယ်။
ဘယ်ဘက်ကိုကြည့်လိုက်ရင် Minseokနဲ့Jongdaeဖြစ်ပြီး ညာကိုကြည့်ရင် Baekhyun။အဲ့တော့ သူ ဘယ်ကိုမှမကွေ့ပဲ တည့်တည့်ပဲ ဆက်သွားဖို့ဆုံးဖြတ်လိုက်တယ်။
ပတ်ဝန်းကျင်က လေထုက လူတွေရဲ့ခံစားချက်အတိုင်း ပြောင်းလဲနေတယ်။Kim Minseokနဲ့Kim Jongdaeအတွက် လေထုကချိုမြိန်နေပေမယ့် Baekhyunနဲ့Chanyeolအတွက်တော့ လေထုက ခါးသီးနေတယ်။
Baekhyunက သူ့ကိုကျော်ပြီးလျှောက်သွားတဲ့Chanyeolကို မကျေမနပ်နဲ့စိုက်ကြည့်လိုက်ပြီး နှာတစ်ချက်မှုတ်လိုက်တယ်။သိုးခြံကိုကာယံထားတဲ့ သစ်သားတန်းကြီးအပေါ် လက်ထောက်လိုက်ရင်း ခြံထဲကသိုးတွေကို သေချာကြည့်လိုက်တယ်။
YOU ARE READING
Friend Zone's Benefits(Z+U)