Ch 39

178K 11.7K 494
                                    

Unicode

ဆိုဖာပေါ် ထိုင်ရင်းခန္ဓာကိုယ်ကို စူးကနဲဖောက်၀င်မတတ်ကြည့်နေသည့် ဦးဝေ အကြည့်များကိုသူရိန်ကြိုးစားရင်ဆိုင်နေရသည်။ သူရိန်မျက်၀န်းများထဲတွင်တော့ တောင်းပန်တိုးလျှိုးသည့်အဓိပ္ပါယ်အပြည့်နှင့် ဖြစ်သည်။ အပြစ်တစ် ခုခု လုပ်ထားမိသည့်အခါတိုင်း ဦးဝေရှေ့ရောက်လျှင် အလိုလိုဝေ့ချင်နေသည့်မျက်ရည်များကိုမကျမိအောင်လည်းထိန်းရသေးသည်။ ဒီအချိန်မျက်ရည်ကျမိလျှင် ဦးဝေပိုစိတ်ဆိုးလိမ့်မည်။ ပထမဦးဆုံးအကြိမ် ဦးဝေ အကြည့်ကိုမျက်လုံးမလွှဲမိခြင်းသည် လွယ်ကူသည်တော့မဟုတ်။ ထို့ကြောင့်ခပ်ကြာကြာမကြည့်နိုင်... စက္ကန့်ပိုင်းအတွင်းပင် သူရိန်ခေါင်းငုံ့ချမိသည်။ ရိုးသားခဲ့ပါသည် ဆိုတာကို သေချာရှင်းပြချင်ပေမယ့် အခုချိန်ထိပြောပြဖို့စကားလုံးသည် ပါးစပ်ကထွက်မလာသေး။ လည်ချောင်းမှ အသံထွက်အောင်လုပ်ရခြင်းသည် သူရိန့်အတွက် ထိုမျှလောက်ခက်ခဲနေပေသည်။

တိုးတက်လာသည့် ဆက်ဆံရေး .... ပိုရင်းနှီးလာသည့် ဆက်ဆံရေးတစ်ခုတွင် အရင်ကနဲ့မတူပဲ ဦးဝေကို သူရိန် ပိုကပ်ရဲလာသည်။ တစ်ခါတစ်ရံ အလုပ်လုပ်နေသည့် ဦးဝေပေါင်ပေါ်သွားထိုင်ရဲလာသည်။ ရင်ခွင်ထဲအတင်းတိုးအိပ်ရဲလာသည်။ လုပ်ချင်တာမလုပ်ခိုင်းလျှင် စိတ်ကောက်ရဲလာသည်။ ဦးဝေကိုယ်တိုင် အလျော့ပေးထားခဲ့သည်ကြောင့် ရခဲ့သည့် ထိုရင်းနှီးမှုတို့သည်လွယ်လွယ်ရခဲ့သည့်အရာမဟုတ်။ ထို့ကြောင့် သူရိန်အပျက်ဆီးမခံနိုင်ပါ။  ရိတ်ထားသည့် ပါးသိုင်းမွေးခပ်စိမ်းစိမ်းကိုခြေဖျား ထောက် နမ်းကြည့်ချင်သေးသည်။ ဆံပင်တွေဆွဲဖွလာရင် ဦးဝေကလဲဗျာလို့ ပြန်ပြောကြည့်ချင်သေးသည်။ ခပ်မာမာရင်ဘတ်ပေါ် မျက်နှာအပ်ရင်း အိပ်ကြည့်ချင်သေးသည်။

သို့သော် အခု သူရိန် ပြုလုပ်မိခဲ့သည့်ပြဿနာသည် တော်ရုံမဟုတ်သလို အပြစ်ပေးခံ အရိုက်ံခံလိုက်လို့ပြီးသွားမည့်ပြဿနာမဟုတ်။ လုပ်ငန်းနာမည်နှင့်ပါတိတိကျကျတွဲပါလာသည်ဖြစ်၍ သေချာမဖြေရှင်းနိုင်လျှင် လုပ်ငန်းပိုင်းဆိုင်ရာများထိပါ ထိခိုက်လာနိုင်သည်။ ပင်ပင်ပန်းပန်းပြန်လည်ထူထောင်ထားသည့်ဖေဖေ့လုပ်ငန်း.... ဂုဏ်သိက္ခာတစ်ခုနှင့် ရပ်တည်သည့် ဦးဝေလုပ်ငန်း နှစ်ခုလုံးသည် သူရိန့်၏ ပေါ့လျော့မှုတစ်ခုကြောင့် ပြဿနာဖြစ်လာနိုင်သည်လေ။

သက်ဆိုင်သူ (Unicode+Zawgyi)Tempat cerita menjadi hidup. Temukan sekarang