Uni#
''အာ......'' wisonကိုယ်တိုင်လုပ်ထားတဲ့ ပါစတာကို ခရင်းဖြင့်လှိမ့်ကာပတ်လိုက်သည်။ ခရင်းကိုမြှောက် လက်လေးဖြင့် အောက်က ခံထားရင်း oliverကို ပါးစပ်ဟရန်ပြောသည်။
''ဟ....!!...ကွကိုယ်စားပါ့မယ်...လူကိုကြက်သီးထအောင်လို့...သွားစမ်းပါ...'' မိမိသည် ကလေးမှမဟုတ်ပေ။ ခွံ့ကျွေးရအောင်လည်း လက်မပါတာလည်းမဟုတ်။ လူကိုကြည့်တော့ လူမိုက်ရုပ်နဲ့ အချစ်ဆိုတာဆိုသည့်ခေါင်းစဥ်အောက်မှာ နူးညံ့တာမြင်ရတော့ oliverမနေတတ်။
''ဟွန်း.....ချစ်လေးကလဲ...တစ်မနက်လုံး ကိုယ်ပြင်ဆင်ထားရတာကို....နောက်ပီး တစ်ပတ်တောင် လုပ်ခဲ့တာဆိုတော့...လေ....အား....အာ....နာတယ်....'' သေးငယ်သောလက်တို့က ဗိုက်သားကို ဆွဲလိမ်တာကြ အားက ရှိသည်။ အာ့တာမှန်သိ အားမရှိအောင် နှစ်ပတ်လောက်လုပ်ပါတယ်ဟုလို့တောင် စက္ကန့်မျှ တွေးမိလိုက်သေး။
'' မရှက်မရှိတဲ့ဘဲကြီး....နောက်တစ်ခါပြောရင် ခင်ဗျားဟာကို ဖြတ်ပီး သွားရောင်းပစ်မယ်...'' ဆွဲလိမ်နေရာမှလွှတ်ချပေးလိုက်တော့ ထိုနေရာလေးကို လက်လေးဖြင့်ပွတ်ချေကာ မျက်နှာရှုံ့တွနေသည်။
''ကိုယ့်ဟာလေး မရှိလို့မရဘူးလေ ချစ်လေးရဲ့...။ ချစ်လေးအကြိုက် နို့ရေခဲချောင်းမဟုတ်ဘူးလား....'' ထိုသို့ပြောတော့ စားလက်စာ ပါစတာတောင် ပြန်ထွက်ချင်သလိုဖစ်သွားသည်။
''ဟ....!!!'' နှစ်ယောက်သားမနက်ခင်းအစကို ချစ်ကြည့်နူးနေ၍ ဘေးဘီကို မမြင်တော့။ kitchen တံခါးအဝမှ ခေါက်ကာ အသံပေးသည်။
''ဟိုလေ....boss....?'' ပြုံးနေသောမျက်နှာတို့က ရုတ်တရက်တည်သွားကာ လူကို ဝါးစားမတတ်အရင်မျက်နှာထားသို့ပြန်ဖြစ်သွားသည်။
''ဘာကိစ္စလဲ....''
''ဟိုလေ....Sirရောက်နေပါတယ် boss!!'' ထိုစကားကြားတော့ မျက်မှောင်ကြုတ်သွားကာ စိတ်ရှုပ်သွားသည်နှင့်တူသည်။ အနေအထားက တစ်မျိုးပြောင်းသွားတော့ oliverလဲ မြင်ဖူးချင်လာသည်။.
''အရေးကြီးရင်လဲ သွားလေ။ ငါလဲ ပြန်တော့မယ်...''
''အင်း ချစ်က သွားစရာရှိလို့လား...''

YOU ARE READING
The love on you💜
ActionInvisible loveရဲ့ secondအတွဲဖစ်တဲ့ မင်းစက်နဲ့ ဟိန်းဇေတို့ကို The love on youမှာ ပြန်တွေ့ရမှာဖြစ်ပါတယ်။