🔞ဆိုတာလေးထည့်ထားတာ ဝင်မဖက်မှာစိုးလို့😂😂😂😂
----
ဧည့်ခန်းမှာထိုင်ပြီးကြုံရာ TVအစီစဉ်တခုကိုအာရုံစိုက်ပြီးကြည့်နေတဲ့ bossရဲ့မျက်နှာဟာ တစ်ခုခုကိုသဘောကျနေတယ်ဆိုတာ စစ်ရန် သဘောပေါက်လိုက်တယ်။"Boss ဘာတွေသဘောကျနေတာလဲ"
"ဒီထဲက ကနေတဲ့ကောင်လေး အရမ်းမိုက်တယ်"
"အော်ဆံပင်အပြာလေးနဲ့တစ်ယောက်လား သူကဝမ်ရိပေါ် boss ကဒီလိုဟာတွေတစ်ခါမှ မကြည့်ဘူးတော့ သု့ကိုမိုက်တယ်ထင်တာ ကောင်လေးက နာမည်သိပ်ရှိသေးတာမဟုတ်ဘူး ဒီတိုင်းဝါသနာရှင်အဆင့်ပဲရှိသေးတာ သူ့ထက်မိုက်တာတွေအများကြီးပဲ"
bossကမျက်ခုံးတစ်ဖက်ပင့်ပြပြီး ပြဆိုတဲ့ဟန်လုပ်ပြတော့ စစိရန်အလိုက်တသိနဲ့ပဲ BTS,EXO,SHINee, အစရှိသည့်ကောင်ချောလေးတွေကတာကို တစ်ပုဒ်ပြီးတစ်ပုဒ်ဖွင့်ပြတယ်။.Bossကသေချာကြည့်ပြီးနောက်.
"ဝမ်ရိပေါ်ကိုပြန်ပြ"
သူကပြိုင်ပွဲ VDတွေလောက်ပဲရှိသေးတာ ခနလေး ရပြီ။
TV ဖန်သားပြင်ကိုကြည့်နေတဲ့ bossရဲ့မျက်နှာကိုမြင်နေရတာ ထီပေါက်သလိုခံစားရတယ် တစ်ခါမှဒီလောက်ကျေနပ်နေတာမမြင်ဖူးဘူး..စစ်ရန် အတွင်းရေးမှူးလုပ်လာတဲ့တောက်လျှောက်လေ့လာကြည့်ရသလောက် အသက်၃၀မှာပထမဆုံး bossရင်ခုန်တာဒီကောင်လေးလား။
"ကောင်လေးအကြောင်းစုံစမ်း ငါသူ့ကိုလိုချင်တယ် ဘယ်လိုဖြစ်ဖြစ်"
"ဟုတ်"
Bossအတွက်ဒီကောင်လေးကိုယူပေးရတာ မခက်ပါဘူး ဘာလို့ဆို bossက ငွေကြေးရောအာဏာရောအပြည့်ရှိတယ် လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ အဖက်ဖက်ကအဆင်သင့် ..ဘာလို့လဲဆိုတော့ Bossကအသက်အငယ်ဆုံးမြို့တော်ဝန် .မြို့တော်ဝန်ဆိုတဲ့ ရာထူးဂုဏ်နဲ့ ပြည့်စုံတဲ့ငွေကြေးတို့က အရာရာကိုအလွယ်တကူခြယ်လှယ်ဆုပ်ကိုင်နိုင်တယ်.။.boss နာမည်က ရှောင်ကျန့် အရမ်းချောတယ် ယောက်ျားပီသတယ်။
ရာယ်လိုက်ရင်ချိုမြိန်ပြီးချစ်ဖို့ကောင်းပေမယ့် ရာယ်တဲ့နေ့ဆိုတာရှားတယ်။ မျက်ခုံးဟာအမြဲတမ်းတွန့်ချိုးနေပြီး အကြံစည်တွေပြည့်ကာ အလိုမကျဟန်မျက်နှာထားကိုသာအချိန်တိုင်းလိုလို တွေ့ရတယ်...။
YOU ARE READING
Rough! 🔞(Completed)