ညစာစားပြီးတော့ အချိန်က (၈)နာရီပင် ထိုးနေလေပြီ...ရိပေါ်တို့ ခြံထဲက ခုံတန်းလေးမှာဘဲ နှစ်ယောက်သားစကားပြောဖြစ်တယ်....ရိပေါ်က သူ့စကိတ်အကြောင်းတွေနဲ့ ဆိုင်ကယ်ပြိုင်ပွဲအကြောင်းတွေ ရှောင်ကျန့်ကို ပြောပြရတာ သဘောကျတယ်....ရှောင်ကျန့် သတိထားမိသလောက် ရိပေါ်က အများနဲ့ဆို စကားပြောရတာ သိပ်သဘောမကျတဲ့ကောင်လေးတစ်ယောက်...ဒါပေမယ့်ရှောင်ကျန့်နဲ့ တွေ့ရင်တော့ သာလိကာလေးဝင်စားသလားမှတ်ရအောင် စကားပေါတတ်တဲ့ကောင်လေး....
ရိပေါ်တစ်ယောက် သူ့ရှေ့မှာ မျက်လုံးဖွင့်ပြီးငုတ်တုတ်ကြီးအိပ်ပျော်နေသော ရှောင်ကျန့်ကို ငေးနေမိသည်....
"ကော...နေမကောင်းဘူးလာ...."
စကားကနောက် လက်ကရှောင်ကျန့်နှဖူးပေါ်အလိုလို စမ်းမိသွားသည်....
"ကောင်းပါတယ် ရိပေါ်ရဲ့ ဘာလိုလည်..."
"အော်..ကောမျက်နှာက နီရဲနေလို့..."
"အော်...ဘာမှမဖြစ်ပါဘူး..."
"အင်းပါ..."
ရိပေါ်အကြောင်း စဉ်းစားလိုက်တိုင်း နီရဲလာတတ်တဲ့ မျက်နှာကြောင့် ကိုယ့်ကိုကိုယ်တောင် မလုံချင်တော့....တစ်ကယ်ပါဘဲ.... ကြိုးစားကြည့်မယ် ဒီနေ့မှ မပြောရင် ငါဘယ်ချိန်မှပြောရတော့မှာလည်း မသိဘူး....
ကိုယ့်စကားကြောင့် ရှူးရှူးရှဲရှဲဖြစ်သွားသော ကောမျက်နှာက တစ်ကယ်ပင် ချစ်စရာကောင်းလွန်းလှသည်...တစ်ယောက်တည်း ဘာတွေတွေးနေမှန်းမသိ နှဖူးစမှာပင် ချွေးစလေးတွေ သီနေလေပြီ....ကျွန်တော်ကောကို ငေးနေတုန်းပင် ကောဘက်က တစ်ခုခုကို ပြောဖို့ မဝံ့မရဲဖြစ်နေသယောင်....
"ကော...ဘာဖြစ်နေတာလည်း...ကျွန်တော့်ကိုပြောစရာရှိလို့လာ..."
"ရိပေါ်...ကော...မင်းကိုလေးလေးနက်နက်ပြောစရာရှိတယ်...."
"ပြောလေ ကောရဲ့...ဘာများလည်..."
ကိုယ်ပြောမယ့်စကားကို အာရုံစိုက်ပေးနေတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်ကျန့်ရင်ထဲ ယားကျိကျိနဲ့ ငိုချင်သလိုလိုဖြစ်ပြီး...တစ်စက်တည်း ဒူးတွေပါတုန်လာရော....
YOU ARE READING
Infinity...(Complete)
Фанфикသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)