မကြာပါဘူး ဝမ်ရိပေါ်ရဲ့အဖေဟာ ပြိုင်ဘက်တစ်ချို့ရဲ့ထိုးနှက်ခြင်းကိုအလူးလဲခံနေရတယ် ဒါဘယ်သူလဲ ဘယ်သူလက်ချက်လဲ Mr.wang မသိဘူး သူ့ကိုဦးတည်ပြီးတိုက်ခိုက်နေတယ် သူကသာမာန် မန်နေဂျင်းဒါရိုက်တာတစ်ယောက်ပဲ ဘာအတွက်ကြောင့်ဒီလိုလုပ်တာလဲ...
ထိုစဉ် သားဖြစ်သူရိပေါ်ရဲ့ကျောင်းမှာ ဝန်ကြီးချုပ်ရောက်တာနဲ့ပတ်သတ်ပြီး သတင်းတစ်ချို့ကို ပိုင်ချန်ကယူလာတယ်..ပိုင်ချန်ဆိုတာက လက်ရှိအလုပ်လုပ်နေတဲ့Xx ကုမဏ္ဏီပိုင်ရှင်ရဲ့သားဖြစ်တယ်...
Mr wangရဲ့သားက ဝန်ကြီးချုပ်ကိုမထင်မဲ့မြင်ကြည့်ခဲ့တယ်ဆိုတာ ဟိုးလေးတစ်ကျော်ကျော်ပဲ..
"တောက် !ကောင်းကျိုးတစ်စက်မှ မပေးတဲ့ကောင် အခုချိန်ထိ ပထမနှစ်ကတတ်မလာတဲ့အပြင် ပြသနာပေါင်းစုံကိုရှာတယ်"
ထိုစဉ်ဝန်ထမ်းတစ်ယောက်မှ.
"ဆရာ ဝန်ကြီးချုပ်က ညစာတစ်ခုဖိတ်ကြားထားတယ်"
"ဘာ ဘယ်လို"
Mr Wang ခေါင်းကိုမိုးကြိုးအတောင့်လိုက်ပစ်ချခံလိုက်ရသလို ချာချာလည်သွားတယ်..
"ဂြိုလ်ကောင်လေး ဂြိုလ်ကောင်လေး "
"ဆရာ ညစာအဖိတ်ခံရတာကောင်းတာမဟုတ်ဘူးလား "
"ငါ့လိုဒါရိုက်တာတစ်ယောက်ကို ဝန်ကြီးချုပ်က အရမ်းခင်ချင်နေတယ်ထင်နေတာလား"
ဟောက်ဟမ်းလိုက်တော့ ထိုကောင်လေးကထွက်ပြေးသွားတယ်
------
ဝန်ကြီးချုပ်ရဲ့ အိမ်ကို ဝင်လိုက်တာနဲ့ ခမ်းနားလွန်းသောကြောင့် Mr Wang ကျောထဲထိစိမ့်သွားတယ် ကြမ်းပြင်တွေကပြောင်လတ်နေတာမို့ ခြေတောင်ချရန် မဝံ့မရဲဖြစ်နေရတယ်...စားပွဲပေါ်မှာ ခြေထောက်ချိတ်ကာ ငြိမ်သက်စွာထိုင်နေတဲ့ ဝန်ကြီးချုပ်က မင်းသားတွေထက်တောင် ခန့်ညားချောမောတယ်..."ထိုင်ပါ Mr Wang"
ကြည်လင်ပြတ်သားတဲ့ အသံနဲ့ အေးစက်တဲ့မျက်နှာထားက ဘာဖြစ်ချင်နေတာလဲဆိုတာ Mr Wang ခန့်မှန်းလို့ပင်မရ..
"Mr Wang အကြပ်အတည်းထဲရောက်နေတယ်ကြားတယ်"
"ဟုတ်ပါတယ် ဝန်ကြီးချုပ်က ကျွန်တော့လိုလူရဲ့ စားဝတ်နေရေးကို ဘာကြောင့်များ..."
YOU ARE READING
Rough! 🔞(Completed)